ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် BFRAF အဖွဲ့ဝင် (၇) ဦးအား ဖမ်းဆီးရမိ
PUBLISHED - June 27, 2022
နေပြည်တော်၊ ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Burma Final Revolution Armed Force- BFRAF အဖွဲ့ဝင် (၇) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နစကသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ် ပြန်ထားသည်။
ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တ ထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း၌ Burma Final Revolution Armed Force- BFRAF အမည်ခံ အကြမ်း ဖက်အဖွဲ့ဝင် ရဲနောင်ထွန်း(ခ) Demon အားလည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ ပုလဲလမ်းသွယ်(၁)၊ တိုက်အမှတ်(၃၄)တွင် ရဲမင်းဟိန်း(ခ)ရဲဖြိုးအောင်(ခ)ရဲကြီး၊ ကျော်စွာထက်(ခ)ပေါ်လာ တို့အားလည်းကောင်း စတင်ဖမ်းဆီးရမိခဲ့ပြီး၊ ဖမ်းမိတရားခံထွက်ဆိုချက်အရ ရန်နိုင်ထူး(ခ)နဂါးလေး၊ ဇင်ကိုဦး၊ ချစ်မိုး(ခ)ကျော်သက်ဝေ၊ စန်းလွင်တို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဇွန်လ ပထမပတ်တွင် ရဲနောင်ထွန်း(ခ)Demon ၊ ရဲမင်းဟိန်း(ခ)ရဲဖြိုးအောင်(ခ)ရဲကြီးတို့သည် KIA ဗဟိုဌာနချုပ် ရှိရာ လိုင်ဇာမြို့၌ အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း ၇ ရက် တက်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လ တတိယပတ်တွင် BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့ အား ရဲနောင်ထွန်း(ခ) Demon ၊ ရဲမင်းဟိန်း(ခ)ရဲဖြိုးအောင်(ခ)ရဲကြီး၊ ရန်နိုင်ထူး(ခ)နဂါးလေးတို့ ခေါင်းဆောင်၍ အင်အား ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ် သော ငွေကြေးနှင့် ဖောက်ခွဲရေးပစ္စည်းများအား CRPH၊ NUG အကြမ်းဖက်အဖွဲ့များထံမှ ရရှိခဲ့ကြောင်း ထုတ် ပြန်ထားသည်။
BFRAF အမည်ခံအကြမ်းဖက်အဖွဲ့သည် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူ များ ထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၉ ကြိမ် ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia
(unicode)
……………………………………
#PeopleMedia