• Follow Us on

Home ရန်ကုန်တိုင်း၌ တစ်လအတွင်း သေဆုံးသူတစ်သောင်းခွဲကျော် လျော့နည်းသွား 

ရန်ကုန်တိုင်း၌ တစ်လအတွင်း သေဆုံးသူတစ်သောင်းခွဲကျော် လျော့နည်းသွား 

Share this post

နေပြည်တော်၊ စက်တင်ဘာ – ၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီးတွင် တစ်လအတွင်း၌ သေဆုံးသူ တစ်သောင်းခွဲကျော်ထိ လျော့နည်းသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လူမှုကွန်ရက်စာမျက်နှာစာရင်းများအရ သိရသည်။

 

သုဿန်များ၌ လအလိုက်သဂြိုလ်မှုစာရင်းမှာ ၂၀၂၁ ခုနှစ် ဇူလှိုင်လတွင် သေဆုံးသူ စုစုပေါင်း (၂၈၃၉၆) ဦး သေဆုံးခဲ့သော်လည်း သြဂုတ်လတွင်မူ သေဆုံးသူ စုစုပေါင်း (၁၂၈၅၈) ဦးသာရှိသည့်အတွက် သေဆုံးမှုနှုန်း သိသိသာသာလျော့ကျသွားခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ဇူလိုင်လအတွင်း သေဆုံးမှုများထဲတွင် ဇူလှိုင်လ ၁ ရက်နေ့တွင် သေဆုံးသူ (၁၅၃) ဦးသာ ရှိခဲ့ သော်လည်း တဖြည်းဖြည်း သေဆုံးနှုန်း တိုးလာခဲ့ပြီး၊ ဇူလှိုင်လ ၂၃ ရက်နေ့ တစ်ရက်အတွင်း သေဆုံးသူ (၁၈၀၁) ဦး အများဆုံး ရှိခဲ့ကြောင်း သိရသည်။

 

သြဂုတ်လ ၁ ရက်နေ့တွင်မူ တစ်ရက်ထဲ သေဆုံးသူ (၁၀၁၄) ဦးရှိခဲ့သော်လည်း သြဂုတ်လ ၃၁ ရက်နေ့တွင် သေဆုံးသူ (၁၇၈) ဦးသာရှိတော့သည့်အတွက် သေဆုံးမှုနှုန်းလျော့နည်းလာခြင်းဖြစ်သည်။

 

Photo Credit – U Hla Soe ygn

 

#PeopleMedia #U Hla Soe

 

(unicode)


……………………………………………………………………

 


 


 


 


 


 

Photo Credit – U Hla Soe ygn

 

#PeopleMedia #U Hla Soe


Share this post