• Follow Us on

Home ရန်ကုန်တိုင်း၌ လာမည့်အပတ်အတွင်း လျှပ်စစ်ဓာတ်အားကို (၂၄) နာရီ ဓာတ်အားဖြတ်တောက်မည်မဟုတ်ဘဲ အချိန်ပိုင်းသာ ဓာတ်အားဖြတ်တောက်သွားမည်

ရန်ကုန်တိုင်း၌ လာမည့်အပတ်အတွင်း လျှပ်စစ်ဓာတ်အားကို (၂၄) နာရီ ဓာတ်အားဖြတ်တောက်မည်မဟုတ်ဘဲ အချိန်ပိုင်းသာ ဓာတ်အားဖြတ်တောက်သွားမည်

Share this post

ရန်ကုန်၊ မတ် ၈

 

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၂ ခုနှစ် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အတွင်း ဝန်အားထိန်းညှိရန် အတွက် လျှပ်စစ်ဓာတ်အားကို ၂၄ နာရီ ဓာတ်အားဖြတ်တောက်မည်မဟုတ်ဘဲ အချိန်ပိုင်းသာ ဓာတ်အားဖြတ် တောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။

 

လက်ရှိ လူမှုကွန်ယက်စာမျက်နှာများတွင် လာမည့်အပတ်အတွင်း ဝန်အားထိန်းညှိ လျော့ချမောင်းနှင်ခြင်း အတွက် တစ်ပတ်လုံး လျှပ်စစ်အားဖြတ်တောက်ခြင်း၊ တစ်ရက်လုံး လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခြင်းများ ဖြစ်ပေါ်မည်ဟု ရေးသားမှုများကြောင့် ပြည်သူများမှာ စိုးရိမ်နေလျက်ရှိကြသည်။

 

“အကုန်လုံးကတော့ အချိန်ပိုင်းပါပဲ။ မျှမျှတတပါဘဲ။ အကုန်လုံးကတော့ ၂၄ နာရီကတော့ ဘယ်လိုမှ မဖြတ်ပါ ဘူး။ လျှပ်စစ်သဘောတရားအရတော့ ဦးစားပေး အစီစဉ်တွေကတော့ ရှိတာပေါ့” ဟု ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌက ပြောသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ မတ် ၆ ရက်နေ့တွင် အများပြည်သူသို့ပန်ကြားချက်၌ မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အတွင်း ဝန်အားထိန်းညှိ လျော့ချမောင်းနှင်ခြင်းအတွက် အချို့သောနေရာများတွင် အပိုင်း လိုက်၊ အချိန်ပိုင်းအလိုက် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုမရှိကြရန်အတွက် လည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ထား သည်။

 

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့နည်းလာရခြင်းမှာ LNG ဓာတ်အားပေးစက်ရုံများ ဓာတ်ငွေ့ဈေးနှုန်းမြင့် တက်နေသဖြင့် ရပ်တန့်ထားရခြင်း၊ ဓာတ်အား (၃) လိုင်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် လုံခြုံရေးရယူ၍ ပြင် ဆင်ခြင်းများကြောင့် လက်ရှိတွင်လည်း ဝန်အားထိန်းညှိခြင်းများ ဆောင်ရွက်၍ အလှည့်ကျဓာတ်အားဖြန့်ဖြူး ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post