
PUBLISHED - May 18, 2020
ရန်ကုန်၊ မေ – ၁၈

#PeopleMedia
(Unicode)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေအရ လူဦးရေ ၈၀၀ ကျော်အား ထောင် ၃ လ နဲ့ ငွေ ၅၀၀၀ ကျပ်ဖြင့် အရေးယူထား
…………………………………………….
ရန်ကုန်၊ မေ – ၁၈
ရန်ကုန်တိုင်းဒေသကြီး၌ Covid-19 ကာလအတွင်း ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေအရ ထောင် ဒဏ် သုံးလချမှတ်ခံရသူတစ်ဦးနှင့် ငွေဒဏ် ၅၀၀၀ အရေးယူထားသူ ၈၅၁ ဦးထိရှိကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ မေ ၁၆ ရက်နေ့အထိ အချက်အလက်များရရှိထားကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၄၅ မြို့နယ်ရှိသည့်အနက် ၁၂ ရက်အတွင်း ဖမ်းဆီးအရေးယူခံရသည့် မြို့နယ်များတွင် ရွှေပြည်သာ၊ ပုဇွန်တောင်၊ ရန်ကင်း၊ ဗိုလ်တထောင်၊ ဒဂုံဆိပ်ကမ်း၊ သင်္ဃန်းကျွန်း၊ လသာ၊ ကမာရွတ်၊ ကျောက်တန်း၊ ခရမ်း၊ လှိုင်သာယာ၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွှန့်၊ စမ်းချောင်း၊ ကြည့်မြင် တိုင်၊ သုံးခွ၊ ဒလ၊ ကွမ်းခြံကုန်း၊ သန်လျင်၊ အင်းစိန်၊ မှော်ဘီစသည့်မြို့နယ်များဖြစ်ကြောင်းသိရသည်။
ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေပုဒ်မ ၁၈ အရ အမျိုးသားတစ်ဦးအား ထောင်ဒဏ်သုံးလချမှတ်ခဲ့ ပြီး ပုဒ်မ ၁၅ အရ Mask မတပ်သဖြင့် အရေးယူခံရသည့် အမူပေါင်း ၃၆၄ မှုရှိခဲ့ကြောင်းသိရသည်။
အဆိုပါကဲ့သို့ အရေးယူခံရသည့် မြို့နယ်များ၌ ရွှေပြည်သာမြို့နယ်တွင် ၁၆ မှု၌ လူဦးရေ ၁၁၉ ဦး၊ ပုဇွန်တောင် မြို့နယ်တွင် ၂၂ မှု၌ လူဦးရေ ၂၂ ဦး၊ ရန်ကင်းမြို့နယ်တွင် ၂၂ မှု၌ လူဦးရေ ၂၂ ဦး၊ ဗိုလ်တစ်ထောင်မြို့နယ် တွင် ၃၁ မှု၌ လူဦးရေ ၃၁ ဦး၊ ဒဂုံမြို့နယ်တွင် ၄၄ မှု၌ လူဦးရေ ၄၄ ဦး၊ ခရမ်းမြို့နယ်တွင် ၆၈ မှု၌ လူဦးရေ ၈၃ ဦး၊ လှိုင်သာယာမြို့နယ်တွင် ၄ မှု၌ လူဦးရေ ၁၂၈ ဦး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ၂၉ မှု၌ လူဦးရေ ၂၉ ဦး၊ အင်းစိန်မြို့နယ်တွင် ၄ မှု၌ လူဦးရေ ၅၀ ဦး၊ မှော်ဘီမြို့နယ်တွင် ၁ မှု၌ လူဦးရေ ၁၅ ဦးတို့အား အရေးယူဆောင် ရွက်ခဲ့ကြောင်းသိရသည်။
#PeopleMedia