ရန္ကုန္တုိင္းေဒသႀကီးအတြင္း ေဒသႏၱရတားျမစ္အမိန္႔အား ေဖာက္ဖ်က္ျခင္းေၾကာင့္ လူဦးေရ ၄၀၀ ေက်ာ္အား ေထာင္ ၁ လခ် ဒဂုံေတာင္ၿမိဳ႕နယ္မွ အမ်ားဆုံးပါ၀င္

PUBLISHED - May 16, 2020
ရန္ကုန္တုိင္းေဒသႀကီး၌ Covid-19 ကာလအတြင္း ေဒသႏၱရတားျမစ္အမိန္႔အား ေဖာက္ဖ်က္သျဖင့္ ရာဇသတ္ ႀကီး ဥပေဒပုဒ္မ ၁၈၈ အရ ရက္ေပါင္းႏွစ္ဆယ္အတြင္း ေထာင္ဒဏ္ တစ္လခ်မွတ္ခံရသူ ၄၁၇ ဦးထိ႐ွိေၾကာင္း ရန္ကန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး႐ုံးမွ ေမ ၁၆ ရက္ေန႔က သိရသည္။
ရန္ကုန္တုိင္းေဒသႀကီးအတြင္း ၿမဳိ႕နယ္ ၄၅ ၿမဳိ႕နယ္႐ွိသည့္အနက္ အဆုိပါဖမ္းဆီးအေရးယူမႈခံရသည့္ ၿမဳိ႕နယ္ မ်ားတြင္ ေက်ာက္တန္း၊ တံြေတး၊ ကြမ္းၿခံကုန္း၊ ဒဂုံဆိပ္ကမ္း၊ ဒဂုံေတာင္၊ ကမာ႐ြတ္၊ ဒလ၊ သုံးခြ၊ ခရမ္း၊ တုိက္ ႀကီး၊ ဆိပ္ႀကီးခေနာင္တုိ၊ မဂၤလာေတာင္ညႊန္႔၊ အင္းစိန္၊ ေမာ္ဘီ၊ တာေမြ၊ သဃၤန္းကၽြန္း၊ မဂၤလာဒုံ၊ ေ႐ႊျပည္သာ၊ သာေကတ၊ ေကာ္မွဴး၊ ဗဟန္း စသည့္ ၿမဳိ႕နယ္မ်ားျဖစ္ေၾကာင္းသိရသည္။
အဆုိပါကဲ့သုိ႔ အေရးယူခံရမႈမ်ားသည္႔ ၿမဳိ႕နယ္မ်ား၌ ဒဂုံၿမိဳ႕သစ္ေတာင္ပုိင္းၿမိဳ႕နယ္တြင္ အမႈေပါင္း၂၆ မႈ၌ လူဦး ေရ ၆၇ ဦး၊ တြံေတးၿမိဳ႕နယ္တြင္ အမႈေပါင္း ၁၆ မႈတြင္ လူဦး ၃၀၊ တုိက္ႀကီးၿမိဳ႕နယ္တြင္ အမႈေပါင္း ၁၀ မႈ၌ လူဦးေရ ၂၀ ၊ ဒလၿမိဳ႕နယ္၌ အမႈေပါင္း ၁၂ မႈတြင္ လူဦးေရ ၅၄ ဦး ၊ ေက်ာက္တန္းၿမိဳ႕နယ္၌ အမႈေပါင္း ၅ မႈ တြင္ လူဦးေရ ၁၁ ဦး ၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၌ အမႈေပါင္း ၁၁ မႈတြင္ လူဦးေရ ၃၈ ဦး အင္းစိန္ၿမိဳ႕နယ္၌ အမႈေပါင္း ၉ မႈတြင္ လူဦးေရ ၁၄ ဦးတုိ႔အား အားအေရးယူေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။
ယင္းကဲ့သုိ႔ တားျမစ္အမိန္႔အား ေဖာက္ဖ်က္ျခင္းေၾကာင့္ အသက္ ၁၈ ေက်ာ္လြန္သူမ်ားကုိ ဥပေဒအရ အေရး ယူေဆာင္ရြက္ခဲ့ေသာ္လည္း အသက္အရြယ္မျပည့္ေသးသည့္ ကေလးငယ္မ်ားကုိ အုပ္ထိန္းသူမိဘမ်ားထံ ျပန္လည္ အပ္ႏွံေပးခဲ့ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴး႐ုံးမွ သတင္းထုတ္ျပန္ခ်က္အရသိရသည္။
အိ္သင္ဇာ
Photo – Yangon Police
(Unicode)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသန္တရတားမြစ်အမိန့်အား ဖောက်ဖျက်ခြင်းကြောင့် လူဦးရေ ၄၀၀ ကျော်အား ထောင် ၁ လချ ဒဂုံတောင်မြို့နယ်မှ အများဆုံးပါဝင်
………………………………………………….
ရန်ကုန်တိုင်းဒေသကြီး၌ Covid-19 ကာလအတွင်း ဒေသန္တရတားမြစ်အမိန့်အား ဖောက်ဖျက်သဖြင့် ရာဇသတ် ကြီး ဥပဒေပုဒ်မ ၁၈၈ အရ ရက်ပေါင်းနှစ်ဆယ်အတွင်း ထောင်ဒဏ် တစ်လချမှတ်ခံရသူ ၄၁၇ ဦးထိရှိကြောင်း ရန်ကန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မေ ၁၆ ရက်နေ့က သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၄၅ မြို့နယ်ရှိသည့်အနက် အဆိုပါဖမ်းဆီးအရေးယူမှုခံရသည့် မြို့နယ် များတွင် ကျောက်တန်း၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်၊ ကမာရွတ်၊ ဒလ၊ သုံးခွ၊ ခရမ်း၊ တိုက် ကြီး၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာတောင်ညွှန့်၊ အင်းစိန်၊ မော်ဘီ၊ တာမွေ၊ သင်္ဃန်းကျွန်း၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ သာကေတ၊ ကော်မှူး၊ ဗဟန်း စသည့် မြို့နယ်များဖြစ်ကြောင်းသိရသည်။
အဆိုပါကဲ့သို့ အရေးယူခံရမှုများသည့် မြို့နယ်များ၌ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် အမှုပေါင်း၂၆ မှု၌ လူဦး ရေ ၆၇ ဦး၊ တွံတေးမြို့နယ်တွင် အမှုပေါင်း ၁၆ မှုတွင် လူဦး ၃၀၊ တိုက်ကြီးမြို့နယ်တွင် အမှုပေါင်း ၁၀ မှု၌ လူဦးရေ ၂၀ ၊ ဒလမြို့နယ်၌ အမှုပေါင်း ၁၂ မှုတွင် လူဦးရေ ၅၄ ဦး ၊ ကျောက်တန်းမြို့နယ်၌ အမှုပေါင်း ၅ မှု တွင် လူဦးရေ ၁၁ ဦး ၊ ဒဂုံဆိပ်ကမ်းမြို့နယ်၌ အမှုပေါင်း ၁၁ မှုတွင် လူဦးရေ ၃၈ ဦး အင်းစိန်မြို့နယ်၌ အမှုပေါင်း ၉ မှုတွင် လူဦးရေ ၁၄ ဦးတို့အား အားအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ တားမြစ်အမိန့်အား ဖောက်ဖျက်ခြင်းကြောင့် အသက် ၁၈ ကျော်လွန်သူများကို ဥပဒေအရ အရေး ယူဆောင်ရွက်ခဲ့သော်လည်း အသက်အရွယ်မပြည့်သေးသည့် ကလေးငယ်များကို အုပ်ထိန်းသူမိဘများထံ ပြန်လည် အပ်နှံပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ချက်အရသိရသည်။
အိ်သင်ဇာ
Photo – Yangon Police