ရန္ကုန္တုိင္းႏွင့္ ပဲခူးတုိင္း၌ က်ပ္(၄.၂၅၆)ဘီလီယံ တန္ဖုိးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားႏွင့္ ပါဝင္ပတ္သက္သူ (၁၃) ေယာက္ ဖမ္းဆီးရမိ
PUBLISHED - November 30, 2020
ရန္ကုန္၊ ႏုိဝင္ဘာ – ၃၀
ရန္ကုန္တုိင္းေဒသႀကီးႏွင့္ ပဲခူးတုိင္းေဒသႀကီးတုိ႔၌ က်ပ္(၄.၂၅၆)ဘီလီယံ တန္ဖုိးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားႏွင့္ ပါဝင္ ပတ္သက္သူ (၁၃) ေယာက္ ဖမ္းဆီးရမိခဲ့သည္။
ျဖစ္စဥ္မွာ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာပူးေပါင္းအဖြဲ႕သည္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ဖယ္ခုံၿမိဳ႕နယ္၊ ဆီးဘူးေက်း႐ြာမွ ကရင္ျပည္နယ္၊ လိပ္သိုၿမိဳ႕နယ္၊ ယာဒိုေက်း႐ြာအထိ မူးယစ္ေဆးဝါးသယ္ေဆာင္သည့္ CANTA ယာဥ္အား MARK-II အမ်ိဳးအစားေမာ္ေတာ္ယာဥ္ျဖင့္ ေရွ႕ေျပးလမ္းျပၾကပ္မတ္သူအျဖစ္ ေဆာင္႐ြက္သယ္ေဆာင္လာေၾကာင္း သတင္းရရွိခဲ့သည္။
ထုိ႔ေၾကာင့္ တာဝန္ရွိသူမ်ားသည္ နိုဝင္ဘာလ ၂၇ ရက္ေန႔ ေန႔လည္ ၁၂ နာရီခြဲခန႔္တြင္ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ယပ္ခူေက်း႐ြာအနီး Mark II ယာဥ္ကိုဖမ္းဆီးရမိခဲ့ၿပီး စိုင္းခင္လွ(ခ)ခင္လွ ေမာင္းႏွင္ၿပီး ထြန္းက်င္(ခ)ထြန္းစိန္ႏွင့္ ခိုင္ကိုထြန္း(ခ)ခိုင္ကိုတို႔ ၃ ဦးလိုက္ပါလာေၾကာင္း၊ ၎ယာဥ္ျဖင့္ အသြင္ယူ၍ မူးယစ္ေဆးဝါးသိုဝွက္သယ္ေဆာင္ထားသည့္ CANTA အမ်ိဳးအစား ေမာ္ ေတာ္ယာဥ္ကို လွ်ို႕ဝွက္လိုက္ပါ ေစာင့္ၾကည့္ခဲ့ရာ လိပ္သို-ယာဒိုမွတစ္ဆင့္ ေတာင္ငူ-ပဲခူး-ရန္ကုန္အထိဆက္လက္ ေမာင္း ႏွင္လာခဲ့သည္။
အဆိုပါေမာ္ေတာ္ယာဥ္သည္ နိုဝင္ဘာလ ၂၈ ရက္ေန႔ နံနက္ ၁ နာရီတြင္ ရန္ကုန္-ေနျပည္ေတာ္အျမန္လမ္း၊ ရန္ကုန္တိုး ဂိတ္အနီးတြင္ စစ္ေဆးရွာေဖြရာယာဥ္ေမာင္းပန္းပန္းႏွင့္အတူ CANTA ယာဥ္ကိုယ္ထည္ၾကမ္းခင္းေအာက္တြင္ အံဝွက္ျပဳ လုပ္ထည့္သြင္းသယ္ေဆာင္လာသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄,၆၆၀,၀၀၀ ျပား သိမ္းဆည္းရမိခဲ့သည္။
ထုိ႔ေနာက္ ရန္ကုန္ၿမိဳ႕မွ မူးယစ္ေဆးဝါးလက္ခံမည့္သူမ်ားကို ၎တို႔ေပးထားသည့္ ဖုန္းနံပါတ္မ်ား အတိုင္းခ်ိတ္ဆက္ ဆက္သြယ္ရာ ယာဥ္အား လိႈင္သာယာၿမိဳ႕နယ္အတြင္းအထိေမာင္းလာခိုင္းသျဖင့္ ဆက္လက္ေမာင္းႏွင္ၿပီး ညေန ၄ နာရီခြဲခန႔္တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၃,၀၀၀,၀၀၀ ျပားလက္ခံယူမည့္ မင္းမင္း(ခ) ေအာင္ေအာင္အား ေမာ္ေတာ္ ယာဥ္တစ္စီးႏွင့္အတူ လိႈင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ ေမြးျမဴေရးဇုန္၊ ေ႐ႊရင္ေအးေက်ာင္း(၃)လမ္းေပၚတြင္လည္းေကာင္း၊ ၎အားမူးယစ္ေဆးဝါးမ်ားသြားေရာက္ယူေဆာင္ခိုင္းသည့္ ဇေဝလ အားအင္းစိန္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(ဂ)ရပ္ကြက္၊ လာဘ္မိုး ေဆြ(၁)လမ္း၊ အမွတ္(၃၆)တြင္လည္းေကာင္း၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁,၆၆၀,၀၀၀ ျပားအား လက္ခံယူမည့္ ကိုမ်ိဳး(ခ)မ်ိဳး သိုက္ႏွင့္ ထြန္းထြန္းနိုင္(ခ) ထြန္းေမာင္တို႔ႏွစ္ဦးအား ေမာ္ေတာ္ယာဥ္တစ္စီးႏွင့္အတူ လိႈင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ ေမြးျမဴေရးဇုန္၊ ေ႐ႊရင္ေအးေက်ာင္း(၃)လမ္းေပၚတြင္လည္းေကာင္းအသီးသီးဖမ္းဆီးရမိခဲ့သည္။
အဆုိပါျဖစ္စဥ္ေၾကာင့္ စိုင္းခင္လွ(ခ)ခင္လွ(၂၈)ႏွစ္၊ ထြန္းက်င္(ခ)ထြန္းစိန္(၃၂)ႏွစ္၊ ခိုင္ကိုထြန္း(ခ)ခိုင္ကို(၂၀)ႏွစ္၊ ပန္းပန္း (၄၄)ႏွစ္၊ မင္းမင္း(ခ)ေအာင္ေအာင္(၃၉)ႏွစ္၊ ဇေဝလ(၄၇)ႏွစ္၊ ကိုမ်ိဳး(ခ)မ်ိဳးသိုက္(၄၀)ႏွစ္၊ ထြန္းထြန္နိုင္(ခ)ထြန္းေမာင္(၃၈) ႏွစ္တို႔အား ဥပေဒအရ အမႈဖြင့္အေရးယူထားရွိၿပီး ဖမ္းဆီးရမိစိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားသည္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ နမ့္စန္ၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္း CCDAC(Myanmar)က သတင္းထုတ္ျပန္ထားသည္။
အလားတူ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာပူးေပါင္းအဖြဲ႕သည္ နိုဝင္ဘာလ ၂၉ ရက္ေန႔ ေန႔လည္ ၂ နာရီအခ်ိန္ခန႔္တြင္ ပဲခူးၿမိဳ႕နယ္၊ ဘုရားႀကီးၿမိဳ႕အထြက္ ေ႐ႊသံလြင္ ပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ဘုရားႀကီးၿမိဳ႕ဘက္မွ ေဝါၿမိဳ႕ဘက္သို႔ ေနေအာင္၊ ေမာင္းႏွင္လာသည့္ အျဖဴေရာင္ ၁၂ ဘီးအမ်ိဳးအစားေမာ္ေတာ္ယာဥ္ကိုရွာေဖြရာကားေခါင္းႏွင့္ ေနာက္ေဘာ္ဒီၾကားအတြင္းမွ ဆာလာအိတ္မ်ားျဖင့္ ထည့္လ်က္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၉၇၅,၀၀၀ ျပား သိမ္းဆည္းရမိခဲ့သည္။
ယာဥ္ေမာင္းအား စစ္ေဆးေဖာ္ထုတ္ခ်က္အရ ရဲဝင္းေအာင္ႏွင့္ ၿဖိဳးေဝေအာင္တို႔မွာ Suzuki အမ်ိဳးအစားေမာ္ေတာ္ယာဥ္ျဖင့္ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ရာတြင္ ေရွ႕ေျပးလမ္းျပယာဥ္အျဖစ္ ေမာင္းႏွင္သြားေၾကာင္းသိရွိရသျဖင့္ အဆိုပါ ေမာ္ ေတာ္ယာဥ္အား က်ိဳက္ထိုၿမိဳ႕နယ္၊ စစ္ေတာင္းတံတားတြင္ဖမ္းဆီးရမိခဲ့သျဖင့္ ေနေအာင္(၃၇)ႏွစ္၊ ရဲဝင္းေအာင္(၂၇)ႏွစ္၊ ၿဖိဳးေဝေအာင္(၂၃)ႏွစ္တို႔အား ဥပေဒအရအမႈဖြင့္အေရးယူထားရွိၿပီး ဖမ္းဆီးရမိစိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ရွမ္းျပည္ နယ္(ေျမာက္ပိုင္း)၊ တန႔္ယန္းၿမိဳ႕နယ္မွ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕သို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္း CCDAC (Myanmar)က သတင္းထုတ္ျပန္ထားသည္။
#PeopleMedia #မူးယစ္ #CCDAC
(unicode)
ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း၌ ကျပ်(၄.၂၅၆)ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ပါဝင်ပတ်သက်သူ (၁၃) ယောက် ဖမ်းဆီးရမိ
……………………………………………………….
ရန်ကုန်၊ နိုဝင်ဘာ – ၃၀
ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ ကျပ်(၄.၂၅၆)ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ပါဝင် ပတ်သက်သူ (၁၃) ယောက် ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာမှ ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်၊ ယာဒိုကျေးရွာအထိ မူးယစ်ဆေးဝါးသယ်ဆောင်သည့် CANTA ယာဉ်အား MARK-II အမျိုးအစားမော်တော်ယာဉ်ဖြင့် ရှေ့ပြေးလမ်းပြကြပ်မတ်သူအဖြစ် ဆောင်ရွက်သယ်ဆောင်လာကြောင်း သတင်းရရှိခဲ့သည်။
ထို့ကြောင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် ဒီးမော့ဆိုမြို့နယ်၊ ယပ်ခူကျေးရွာအနီး Mark II ယာဉ်ကိုဖမ်းဆီးရမိခဲ့ပြီး စိုင်းခင်လှ(ခ)ခင်လှ မောင်းနှင်ပြီး ထွန်းကျင်(ခ)ထွန်းစိန်နှင့် ခိုင်ကိုထွန်း(ခ)ခိုင်ကိုတို့ ၃ ဦးလိုက်ပါလာကြောင်း၊ ၎င်းယာဉ်ဖြင့် အသွင်ယူ၍ မူးယစ်ဆေးဝါးသိုဝှက်သယ်ဆောင်ထားသည့် CANTA အမျိုးအစား မော် တော်ယာဉ်ကို လျှို့ဝှက်လိုက်ပါ စောင့်ကြည့်ခဲ့ရာ လိပ်သို-ယာဒိုမှတစ်ဆင့် တောင်ငူ-ပဲခူး-ရန်ကုန်အထိဆက်လက် မောင်း နှင်လာခဲ့သည်။
အဆိုပါမော်တော်ယာဉ်သည် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁ နာရီတွင် ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ ရန်ကုန်တိုး ဂိတ်အနီးတွင် စစ်ဆေးရှာဖွေရာယာဉ်မောင်းပန်းပန်းနှင့်အတူ CANTA ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်တွင် အံဝှက်ပြု လုပ်ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄,၆၆၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သည်။
ထို့နောက် ရန်ကုန်မြို့မှ မူးယစ်ဆေးဝါးလက်ခံမည့်သူများကို ၎င်းတို့ပေးထားသည့် ဖုန်းနံပါတ်များ အတိုင်းချိတ်ဆက် ဆက်သွယ်ရာ ယာဉ်အား လှိုင်သာယာမြို့နယ်အတွင်းအထိမောင်းလာခိုင်းသဖြင့် ဆက်လက်မောင်းနှင်ပြီး ညနေ ၄ နာရီခွဲခန့်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀,၀၀၀ ပြားလက်ခံယူမည့် မင်းမင်း(ခ) အောင်အောင်အား မော်တော် ယာဉ်တစ်စီးနှင့်အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မွေးမြူရေးဇုန်၊ ရွှေရင်အေးကျောင်း(၃)လမ်းပေါ်တွင်လည်းကောင်း၊ ၎င်းအားမူးယစ်ဆေးဝါးများသွားရောက်ယူဆောင်ခိုင်းသည့် ဇဝေလ အားအင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ လာဘ်မိုး ဆွေ(၁)လမ်း၊ အမှတ်(၃၆)တွင်လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၆၀,၀၀၀ ပြားအား လက်ခံယူမည့် ကိုမျိုး(ခ)မျိုး သိုက်နှင့် ထွန်းထွန်းနိုင်(ခ) ထွန်းမောင်တို့နှစ်ဦးအား မော်တော်ယာဉ်တစ်စီးနှင့်အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မွေးမြူရေးဇုန်၊ ရွှေရင်အေးကျောင်း(၃)လမ်းပေါ်တွင်လည်းကောင်းအသီးသီးဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် စိုင်းခင်လှ(ခ)ခင်လှ(၂၈)နှစ်၊ ထွန်းကျင်(ခ)ထွန်းစိန်(၃၂)နှစ်၊ ခိုင်ကိုထွန်း(ခ)ခိုင်ကို(၂၀)နှစ်၊ ပန်းပန်း (၄၄)နှစ်၊ မင်းမင်း(ခ)အောင်အောင်(၃၉)နှစ်၊ ဇဝေလ(၄၇)နှစ်၊ ကိုမျိုး(ခ)မျိုးသိုက်(၄၀)နှစ်၊ ထွန်းထွန်နိုင်(ခ)ထွန်းမောင်(၃၈) နှစ်တို့အား ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ဖမ်းဆီးရမိစိတ်ကြွရူးသွပ်ဆေးပြားများသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့မှ ရန်ကုန်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း CCDAC(Myanmar)က သတင်းထုတ်ပြန်ထားသည်။
အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အထွက် ရွှေသံလွင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဘုရားကြီးမြို့ဘက်မှ ဝေါမြို့ဘက်သို့ နေအောင်၊ မောင်းနှင်လာသည့် အဖြူရောင် ၁၂ ဘီးအမျိုးအစားမော်တော်ယာဉ်ကိုရှာဖွေရာကားခေါင်းနှင့် နောက်ဘော်ဒီကြားအတွင်းမှ ဆာလာအိတ်များဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သည်။
ယာဉ်မောင်းအား စစ်ဆေးဖော်ထုတ်ချက်အရ ရဲဝင်းအောင်နှင့် ဖြိုးဝေအောင်တို့မှာ Suzuki အမျိုးအစားမော်တော်ယာဉ်ဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ရှေ့ပြေးလမ်းပြယာဉ်အဖြစ် မောင်းနှင်သွားကြောင်းသိရှိရသဖြင့် အဆိုပါ မော် တော်ယာဉ်အား ကျိုက်ထိုမြို့နယ်၊ စစ်တောင်းတံတားတွင်ဖမ်းဆီးရမိခဲ့သဖြင့် နေအောင်(၃၇)နှစ်၊ ရဲဝင်းအောင်(၂၇)နှစ်၊ ဖြိုးဝေအောင်(၂၃)နှစ်တို့အား ဥပဒေအရအမှုဖွင့်အရေးယူထားရှိပြီး ဖမ်းဆီးရမိစိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း CCDAC (Myanmar)က သတင်းထုတ်ပြန်ထားသည်။
#PeopleMedia #မူးယစ် #CCDAC