ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးနှင့် ၎င်း၏ မိခင်ဖြစ်သူတို့ ပုဒ်မ ၅၀(ည) ဖြင့် ဖမ်းဆီးခံရ
PUBLISHED - November 5, 2021
ပဲခူး၊ နိုဝင်ဘာ ၅ (People Media)
ပဲခူးတိုင်းဒေသကြီး၊ ဥသျှစ်ပင်မြို့၊ မကြီးထုံးကျေးရွာနေ ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်း သားတစ်ဦးနှင့် ၎င်း၏ မိခင်ဖြစ်သူတို့သည် ပြီးခဲ့သည့်ရက်ပိုင်းက ပုဒ်မ ၅၀(ည)ဖြင့် ဖမ်းဆီးခံရကြောင်း ဒေသခံ အချို့၏ ပြောဆိုချက်အရ သိရပါတယ်။
ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်သူ ကိုထက်ရာဇာနှင့် ၎င်း၏ မိခင်ဖြစ်သူတို့သည် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။
“ပုဒ်မ ၅၀(ည) လို့ ကနဦး သိရပါတယ်”လို့ ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက People Media ကို ပြောပါတယ်။
လက်ရှိအချိန်၌ NUG၊ PDF များကို ထောက်ပံ့သည့်သူများ၊ ပါဝင်ပတ်သက်သူများ၏ ပိုင်ဆိုင်မှုများကို န-စ-က မှ ပြည်သူပိုင်သိမ်းယူလျက်ရှိနေပါတယ်။
Photo – YUESU
#PeopleMedia #၅၀ည
(unicode)
…………………………………………………
“ပုဒျမ ၅၀(ည) လို့ ကနဦး သိရပါတယျ”လို့ ၎င်းငျးတို့နှင့ျ နီးစပျသူတဈဦးက People Media ကို ပွောပါတယျ။
Photo – YUESU