ရန်ကုန်သို့ ပို့ဆောင်ပေးရန် ပွဲစားဖြစ်သူကို တစ်ဦးလျှင် ကျပ် သိန်း ၃၀ ပေးပြီး ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ လာရောက်သည့် ဘင်္ဂလီ ၉ ဦးသည် အမ်းမြို့နယ် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံရ

PUBLISHED - January 17, 2022
ရခိုင်၊ ဇန်နဝါရီ ၁၇ (People Media)
ရန်ကုန်သို့ ပို့ဆောင်ပေးရန် ပွဲစားဖြစ်သူကို တစ်ဦးလျှင် ကျပ် သိန်း ၃၀ ပေးပြီး ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ လာရောက်သည့် ဘင်္ဂလီ ၉ ဦးသည် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကံမြင့်ကန်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခြင်းခံခဲ့ရသည်။
ဖမ်းဆီးခံရသူ ဘင်္ဂလီများသည် ရခိုင်ပြည်နယ် စစ်တွေမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့နယ်၌ နေထိုင်သူ များဖြစ်ပြီး ၎င်းတို့သည် ရန်ကုန်သို့ လာရောက်ရန် ပွဲစားဖြစ်သူကို တစ်ဦးလျှင် ကျပ်သိန်း ၃၀ ပေးခဲ့သည်။
ထို့နောက် ပွဲစားဖြစ်သူသည် ၎င်းတို့ ၉ ဦးကို လမ်းခရီးစဉ် ပစ်ထားခဲ့စဉ် ဇန်နဝါရီ ၁၆ ရက်နေ့ နံနက် ၆ နာရီခန့် က ဖမ်းဆီးခံရခြင်းဖြစ်သည်။
လက်ရှိအချိန်၌ လူသယ်ဆောင်ပေးသည့် ပွဲစားဖြစ်သူကို သက်ဆိုင်ရာက ဖမ်းဆီးနိုင်ခြင်းမရှိသေးပဲ ဘင်္ဂလီ ၉ ဦးကို လ-ဝ-က အက် ဥပဒေ-၁၃(၁) အရ အရေးယူထားသည်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ နေအိမ်တစ်လုံးအတွင်း၌ ဘင်္ဂလီ ၅၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်။
Photo – ရခိုင့်နေ့စဉ်
#PeopleMedia #ရခိုင် #ဘင်္ဂလီ
(unicode)
………………………………………………………