ရန္ကုန္ၿမိဳ႕တြင္ ပိုင္ရွင္စုံစမ္းဆဲယာဥ္ေပၚမွ ေငြက်ပ္ ၅၃၂၈ဝဝ သိန္းတန္ဖိုးရွိ Ice မ်ား သိမ္းဆည္းရမိ

PUBLISHED - December 11, 2019
ရန္ကုန္၊ ဒီဇင္ဘာ – ၁၁
ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္၌ ပိုင္ရွင္စုံစမ္းဆဲယာဥ္ေပၚမွ ေငြက်ပ္ ၅၃၂၈ဝဝ သိန္းတန္ဖိုးရွိ Ice မ်ား သိမ္းဆည္းရမိခဲ့သည္။
ျဖစ္စဥ္မွာ ဒီဇင္ဘာလ (၉) ရက္ ေန႔လည္ (၂) နာရီအခ်ိန္ခန္႔၌ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စုမွ တပ္ဖြဲ႕ဝင္မ်ားသည္ ဖုန္းသတင္းအရ ပူးေပါင္းအဖြဲ႕မ်ားႏွင့္အတူ ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္၊ ပါရမီ လမ္းမေပၚတြင္ မသကၤာဖြယ္ရပ္တန္႔ထားသည့္ ေမာ္ေတာ္ယာဥ္အား စစ္ေဆးရွာေဖြခဲ့့သည္။
ထိုသို႔ရွာေဖြရာတြင္ ယာဥ္၏ေရွ႕ခန္းႏွင့္ ယာဉ္ေမာင္း ထိုင္ခုံအေနာက္ဖက္ရွိ ဆာလာအိတ္အတြင္းမွ Ice အေလးခ်ိန္ ၆၆ဝ ကီလို (ေဒသကာလ ေပါက္ေစ်းတန္ဖိုးေငြက်ပ္ ၅၃၂၈ဝဝ သိန္း)တို႔အား ေတြ႕ရွိ သိမ္းဆည္း ရမိခဲ့သျဖင့္ ပိေတာက္ေခ်ာင္းနယ္ေျမရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ား ဆိုင္ရာဥပေဒျဖင့္ အမႈေရးဖြင့္အေရးယူေဆာင္ရြက္လ်က္ရွိၿပီး ပိုင္ရွင္ျဖစ္သူအား စုံစမ္းေဖာ္ထုတ္လ်က္ရွိသည္။
#PeopleMedia #ICE #YangonRegion
(ျပည္တြင္းျပည္ပ စစ္ေရး၊ ႏိုင္ငံေရး၊ လူမႈေရးစသည့္ သတင္းမ်ား အသစ္တင္တိုင္း သိရွိရန္ PeopleMedia သတင္းဌာန Page ကို like လုပ္ဖို႔ ေမတၱာရပ္ခံပါတယ္)
(Unicode)
ရန်ကုန်မြို့တွင် ပိုင်ရှင်စုံစမ်းဆဲယာဉ်ပေါ်မှ ငွေကျပ် ၅၃၂၈ဝဝ သိန်းတန်ဖိုးရှိ Ice များ သိမ်းဆည်းရမိ
……………………………………………………………
ရန်ကုန်၊ ဒီဇင်ဘာ – ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ပိုင်ရှင်စုံစမ်းဆဲယာဉ်ပေါ်မှ ငွေကျပ် ၅၃၂၈ဝဝ သိန်းတန်ဖိုးရှိ Ice များ သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ (၉) ရက် နေ့လည် (၂) နာရီအချိန်ခန့်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် ဖုန်းသတင်းအရ ပူးပေါင်းအဖွဲ့များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ပါရမီ လမ်းမပေါ်တွင် မသင်္ကာဖွယ်ရပ်တန့်ထားသည့် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာတွင် ယာဉ်၏ရှေ့ခန်းနှင့် ယာဉ်မောင်း ထိုင်ခုံအနောက်ဖက်ရှိ ဆာလာအိတ်အတွင်းမှ Ice အလေးချိန် ၆၆ဝ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၅၃၂၈ဝဝ သိန်း)တို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သဖြင့် ပိတောက်ချောင်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး ပိုင်ရှင်ဖြစ်သူအား စုံစမ်းဖော်ထုတ်လျက်ရှိသည်။
#PeopleMedia #ICE #YangonRegion
(ပြည်တွင်းပြည်ပ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးစသည့် သတင်းများ အသစ်တင်တိုင်း သိရှိရန် PeopleMedia သတင်းဌာန Page ကို like လုပ်ဖို့ မေတ္တာရပ်ခံပါတယ်)