ရန်ကုန်မြို့ရှိ UAB ဘဏ်ကို ကော်သေနတ်ဖြင့် ဓါးပြတိုက်သည့် အမျိုးသား ဖမ်းဆီးခံရ

PUBLISHED - January 17, 2022
ရန်ကုန်၊ ဇန်နဝါရီ ၁၇ (People Media)
ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ UAB ဘဏ်ကို ကော် သေနတ်ဖြင့် ဓါးပြတိုက်သည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရသည်။
ဖြစ်စဉ်မှ ယနေ့ မွန်းလွဲပိုင်း၌ အမျိုးသားတစ်ဦးသည် ဘဏ်အတွင်းဝင်ရောက်ပြီး သေနတ်ပြကာ ဘဏ်ကောင် တာရှိ ငွေထုတ်ကို ယူဆောင်ပြီးနောက် ဘဏ်အပေါက်ဝရောက်၌ တာဝန်ရှိသူများက ဖမ်းဆီးခဲ့သည်။
ထိုကဲ့သို့ တာဝန်ရှိသူများက ဘဏ်ဓါးပြသူကို စစ်ဆေးရာ ၎င်းကိုင်ဆောင်သည့် ပစ္စတိုသည် သေနတ်အစစ် မဟုက်ဘဲ ကော်သေနတ်ဖြစ်ကြောင်း တာဝန်ရှိသူအချို့က ပြောသည်။
“သတင်းအရ လာရောက်တဲ့အခါ သူ့ကို ဖမ်းဆီးနိုင်ခဲ့တယ်။ သေနတ်သမား ကိုင်ဆောင်တဲ့ သေနတ်က သေနတ်အစစ် မဟုတ်ပါဘူး။ ကော်သေနတ်ပါ” လို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုင်းဒေသကြီး ပြည်နယ်များ၌ ဘဏ်များနှင့် ရွှေဆိုင်များ ဓါးပြတိုက်ခံရသည့်ဖြစ်စဉ်များ ပေါ်ပေါက်လျက်ရှိ သည်။
Photo – UAB
#PeopleMedia #UAB
(unicode)
………………………………………………………….
Photo – UAB
#PeopleMedia #UAB