ရန်ကုန်မြို့လယ်ရှိ ကျောက်တံတားမြို့နယ် ရဲစခန်းလက်ပစ်ဗုံးဖြင့် အပစ်ခံရကြောင်း ရဲတပ်ဖွဲ့ဝန်ခံ
PUBLISHED - September 28, 2021
ရန်ကုန်၊ စက်တင်ဘာ ၂၈ (People Media)
ရန်ကုန်မြို့လယ်ရှိ၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ ကျောက်တံတားမြို့နယ် ရဲစခန်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်ခန့်က အမည်မသိ လူနှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှုကြောင့် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။
ရဲစခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်သော်လည်း လက်ပစ်ဗုံးသည် စခန်းအတွင်းသို့ ကျရောက်ခြင်းမရှိဘဲ စခန်းအပြင်ဘက်၌ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါကဲ့သို့ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်တံတားမြို့နယ်ရဲစခန်းအား ဆက်သွယ်မေးမြန်းရာတွင် “ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အခုလောလောဆယ်မှာ စိစစ်ဆဲပဲရှိနေပါသေးတယ်” ဟု ရဲစခန်းတွင် တာဝန်ကျအရာရှိ တစ်ဦးက ဖြေကြားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံရသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးစစ် ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ကျောက်တံတားမြို့နယ် ရဲစခန်းအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်သည်မှာ ရန်ကုန်မြို့ပြ အာဏာရှင်ဆန့်ကျင်ရေး အင်အားစု (YADF) နှင့် ကျောက်တံတားမြို့နယ် ၄၄ လမ်း မြေအောက်တော်လှန်ရေးအဖွဲ့ (44st- UG) အဖွဲ့ တို့မှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
#PeopleMedia #ကျောက်တံတားမြို့နယ်ရဲစခန်း
(unicode)
…………………………………………………………………