• Follow Us on
Latest News

Home ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ CB Bank ကို ဓါးပြ ဝင်တိုက်သည့် အမျိုးသားနှစ်ဦးအနက် တစ်ဦး ဖမ်းမိ

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ CB Bank ကို ဓါးပြ ဝင်တိုက်သည့် အမျိုးသားနှစ်ဦးအနက် တစ်ဦး ဖမ်းမိ

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ CB Bank (ဘုရင့်နောင်ဘဏ်ခွဲ) ကို ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်အချိန်ခန့်က အမျိုးသားနှစ်ဦးသည် ပစ္စတိုသေနတ်များ ကိုင် ဆောင်၍ ဓါးပြဝင်တိုက်ရာ တစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်အချိန်ခန့်က CB Bank (ဘုရင့်နောင်ဘဏ်ခွဲ)ကို စီစစ်ဆဲ အမျိုးသားနှစ်ဦးက Mask တက်ဆင်ပြီး ဘဏ်အတွင်းသို့ ဝင်ရောက်ကာ သေနတ်ပြ၍ ဘဏ်ရှိငွေ များကို တောင်းယူခဲ့သည်။

 

အဆိုပါ ဖြစ်စဉ်အပေါ် ဘဏ်လုံခြုံရေးများနှင့် ပွဲရုံ၍ လုံခြုံရေးများ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရာ ဘဏ်ဓါးပြတိုက်သူနှစ်ဦးအနက် တစ်ဦးကို ပစ္စတိုသေနတ်တစ်လက် ၊ကျည် ၁၄ ထောင့်နှင့်အတူ ဖမ်း ဆီးနိုင်ခဲ့သည်။

 

“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ လာတိုက်တာက နှစ်ယောက်ပါ။ တစ်ယောက်ကို လက်နက်နဲ့အတူ ဖမ်း ဆီးနိုင်ခဲ့ပါတယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဖမ်းဆီးခံရသူသည် ကျော်စွာသိန်း အသက် ၁၉ နှစ်၊ အမှတ်-၁၅၊ ငုရွှေဝါ-၁ လမ်း၊ ၁-ရပ်ကွက်၊ မရမ်းကုန်းမြို့ နယ်နေသူဖြစ်ပြီး ၎င်းနှင့်အတူ Sigsauer သေနတ်(၁)လက်နှင့် ကျည်ဆံ(၁၄)တောင့်ကို ရမိခဲ့သည်။

 

#PeopleMedia #CBBank

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 

#PeopleMedia #CBBank


Share this post