ရန္ကုန္ၿမိဳ႕၊ လိႈင္သာယာၿမိဳ႕နယ္တြင္ တစ္ရက္ထဲ Mask မတပ္ဆင္ထား သည့္ လူဦးေရ ၁၀၀ ေက်ာ္ အေရးယူမႈ ရွိ

PUBLISHED - May 15, 2020
ရန္ကုန္၊ ေမ ၁၅
လိႈင္သာယာၿမိဳ႕နယ္တြင္ ၁၄ ရက္ေန႔ကစတင္၍ Mask မတပ္ဆင္ထားသူမ်ားကို လိုက္လံအေရးယူရာ တစ္ရက္ ထဲ အေရးယူခံရသူ ၁၀၂ ဦးရွိေၾကာင္း လိႈင္သာယာၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမတ္ မင္းသူကေျပာသည္။
Covid -19 ေရာဂါ ျဖစ္ပြားမႈႏွင့္ပတ္သက္ၿပီး အစိုးရေၾကညာခ်က္တြင္ ေနအိမ္ျပင္ပသို႔ ထြက္ခြာသြားလာသူ တိုင္း Mask တပ္ရမည္ျဖစ္ၿပီး၊ မတပ္ေဆာင္သည့္သူမ်ားအားဥပေဒႏွင့္အညီ အေရးယူျခင္းခံရမည္ဟု ေမ ၁၃ ရက္မွ စတင္ေၾကညာထားသည့္အတြက္ ေမ ၁၄ ရက္တြင္ လိူင္သာယာၿမိဳ႕နယ္တြင္ စတင္ေဆာင္ရြက္ စစ္ ေဆးမႈျပဳလုပ္ခဲ့ေၾကာင္း ၎ကေျပာသည္။
“အေရးယူျခင္းလုပ္ေဆာင္တာက မေန႔က ၁၄ ရက္ေန႔မွာ စတင္လုပ္ေဆာင္တာျဖစ္တယ္။ အေရးယူမႈလုပ္ ေဆာင္တာလည္းပဲ ေၾကညာခ်က္က ၁၃ ရက္ေန႔ေၾကညာထားတယ္။ Mask တပ္ဆင္ၿပီးမွ အျပင္ထြက္ဖို႔ အဲ့လိုမွမဟုတ္ဘူးဆိုရင္ ဥပေဒအရအေရးယူျခင္းခံရမယ္။ Mask တပ္ဆင္ျခင္းမရွိတဲ့လူေတြကို Covid -19 ေရာဂါ ထုတ္ျပန္ေရးေကာ္မတီကေနၿပီးေတာ့ ဦးေဆာင္ၿပီးေတာ့ တရားပို႔ေဆာင္ၿပီး တရား႐ုံးကဒဏ္ေငြ႐ုိက္ခဲ့ တယ္ေပါ့ေနာ္” ဟု တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမတ္မင္းသူကေျပာသည္။
လိႈင္သာယာတြင္ေနထိုင္သူ လူဦးေရဆယ္သိန္းေက်ာ္ေလာက္ရွိသည့္အတြက္ ေရာဂါမျဖစ္ပြားေအာင္ ကူးစက္ မႈမရွိေအာင္အထူးဂရုစိုက္သည့္အတြက္ ေၾကညာခ်က္ေတြကို တိတိက်က်လိုက္နာေဆာင္ရြက္ၿပီး အေရးယူမႈျပဳ လုပ္ေနရေၾကာင္း ဦးျမတ္မင္းသူကေျပာသည္။
Covid-19 ေရာဂါေၾကာင့္ လိူင္သာယာၿမိဳ႕နယ္တြင္ အျပင္ထြက္သူတိုင္း Mask တပ္ဆင္ရမည္ဟု ေန႔တိုင္း ျပည္သူလူထုကို လႈံ႕ေဆာ္မႈျပဳလုပ္လွ်က္ရွိၿပီး၊ လိႈင္သာယာၿမိဳ႕နယ္တစ္ခုထဲကာကြယ္ထိန္းသိမ္းရမည္ မဟုတ္ဘဲ တစ္ကမာၻလံုး Covid-19 ေရာဂါကို ကာကြယ္ထိန္းသိမ္းၿပီး အစိုးရထုတ္ျပန္တဲ့စည္းမ်ဥ္းစည္းကမ္း ေတြကိ္ု တိတိက်က်လိုက္နာေဆာင္ရြက္သင့္ေၾကာင္း တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမတ္မင္းသူ ကေျပာၾကားခဲ့သည္။
Covid -19 ေရာဂါကာကြယ္ရန္ ေနအိမ္ျပင္ပထြက္ခြါသြားလာသူမ်ားအားလံုး Mask တပ္ဆင္ရမည္ျဖစ္ၿပီး မတပ္ဆင္သူမ်ားကို ယခုလ ၁၄ ရက္က အေရးယူေဆာင္ရြက္ရာ ရန္ကုန္ၿမိဳ႕ရွိ အျခားၿမိဳ႕နယ္မ်ားတြင္လည္း အေရးယူရမႈမ်ားရွိေသာ္လည္း စက္႐ုံအလုပ္႐ုံမ်ားျပားသည့္ လိႈင္သာယာၿမိဳ႕နယ္မွာ အေရးယူမႈအမ်ားဆံုး ျပဳလုပ္ရသည့္ၿမိဳ႕နယ္ျဖစ္သည္။
(Unicode)
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် တစ်ရက်ထဲ Mask မတပ်ဆင်ထား သည့် လူဦးရေ ၁၀၀ ကျော် အရေးယူမှု ရှိ
………………………………………………….
ရန်ကုန်၊ မေ ၁၅
လှိုင်သာယာမြို့နယ်တွင် ၁၄ ရက်နေ့ကစတင်၍ Mask မတပ်ဆင်ထားသူများကို လိုက်လံအရေးယူရာ တစ်ရက် ထဲ အရေးယူခံရသူ ၁၀၂ ဦးရှိကြောင်း လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ် မင်းသူကပြောသည်။
Covid -19 ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး အစိုးရကြေညာချက်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသူ တိုင်း Mask တပ်ရမည်ဖြစ်ပြီး၊ မတပ်ဆောင်သည့်သူများအားဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ဟု မေ ၁၃ ရက်မှ စတင်ကြေညာထားသည့်အတွက် မေ ၁၄ ရက်တွင် လိုင်သာယာမြို့နယ်တွင် စတင်ဆောင်ရွက် စစ် ဆေးမှုပြုလုပ်ခဲ့ကြောင်း ၎င်းကပြောသည်။
“အရေးယူခြင်းလုပ်ဆောင်တာက မနေ့က ၁၄ ရက်နေ့မှာ စတင်လုပ်ဆောင်တာဖြစ်တယ်။ အရေးယူမှုလုပ် ဆောင်တာလည်းပဲ ကြေညာချက်က ၁၃ ရက်နေ့ကြေညာထားတယ်။ Mask တပ်ဆင်ပြီးမှ အပြင်ထွက်ဖို့ အဲ့လိုမှမဟုတ်ဘူးဆိုရင် ဥပဒေအရအရေးယူခြင်းခံရမယ်။ Mask တပ်ဆင်ခြင်းမရှိတဲ့လူတွေကို Covid -19 ရောဂါ ထုတ်ပြန်ရေးကော်မတီကနေပြီးတော့ ဦးဆောင်ပြီးတော့ တရားပို့ဆောင်ပြီး တရားရုံးကဒဏ်ငွေရိုက်ခဲ့ တယ်ပေါ့နော်” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူကပြောသည်။
လှိုင်သာယာတွင်နေထိုင်သူ လူဦးရေဆယ်သိန်းကျော်လောက်ရှိသည့်အတွက် ရောဂါမဖြစ်ပွားအောင် ကူးစက် မှုမရှိအောင်အထူးဂရုစိုက်သည့်အတွက် ကြေညာချက်တွေကို တိတိကျကျလိုက်နာဆောင်ရွက်ပြီး အရေးယူမှုပြု လုပ်နေရကြောင်း ဦးမြတ်မင်းသူကပြောသည်။
Covid-19 ရောဂါကြောင့် လိုင်သာယာမြို့နယ်တွင် အပြင်ထွက်သူတိုင်း Mask တပ်ဆင်ရမည်ဟု နေ့တိုင်း ပြည်သူလူထုကို လှုံ့ဆော်မှုပြုလုပ်လျှက်ရှိပြီး၊ လှိုင်သာယာမြို့နယ်တစ်ခုထဲကာကွယ်ထိန်းသိမ်းရမည် မဟုတ်ဘဲ တစ်ကမ္ဘာလုံး Covid-19 ရောဂါကို ကာကွယ်ထိန်းသိမ်းပြီး အစိုးရထုတ်ပြန်တဲ့စည်းမျဉ်းစည်းကမ်း တွေကိ်ု တိတိကျကျလိုက်နာဆောင်ရွက်သင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ ကပြောကြားခဲ့သည်။
Covid -19 ရောဂါကာကွယ်ရန် နေအိမ်ပြင်ပထွက်ခွါသွားလာသူများအားလုံး Mask တပ်ဆင်ရမည်ဖြစ်ပြီး မတပ်ဆင်သူများကို ယခုလ ၁၄ ရက်က အရေးယူဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ အခြားမြို့နယ်များတွင်လည်း အရေးယူရမှုများရှိသော်လည်း စက်ရုံအလုပ်ရုံများပြားသည့် လှိုင်သာယာမြို့နယ်မှာ အရေးယူမှုအများဆုံး ပြုလုပ်ရသည့်မြို့နယ်ဖြစ်သည်။