• Follow Us on
Latest News

Home ရန်ကုန်မြို့၌ အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ် ပေါက်ကွဲမှုဖြစ်ပေါ်ပြီး တစ်ဦး နေရာ၌ ပွဲချင်းပြီး သေ ဆုံး၊ တစ်ဦး ဒဏ်ရာရရှိ

ရန်ကုန်မြို့၌ အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ် ပေါက်ကွဲမှုဖြစ်ပေါ်ပြီး တစ်ဦး နေရာ၌ ပွဲချင်းပြီး သေ ဆုံး၊ တစ်ဦး ဒဏ်ရာရရှိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၀ (People Media)

 

ဇန်နဝါရီ ၉ ရက်နေ့ ည ၇ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံတောင်မြို့နယ်၊ ၇၂ ရပ်ကွက်နဲ့ ၁၀၇ ရပ်ကွက်ကြားရှိ မဟာဗန္ဓုလလမ်းမပေါ်၌ အမျိုးသားနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်ပေါက်ကွဲမှုဖြစ်ပေါ်ပြီး တစ်ဦး နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၉ ရက်နေ့ ည ၇ နာရီ ဝန်းကျင်အချိန်ခန့်တွင် အမည်မသိ အမျိုးသား နှစ်ဦးမောင်းနှင်လာ သည့် ဆိုင်ကယ်တစ်စီးသည် ဗန္ဓုလလမ်းမပေါ် ၇၂ ရပ်ကွက်မှ ၁၀၇ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းမပေါ် အ ရောက်တွင် ဆိုင်ကယ်တူးဘောက်အတွင်းမှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

 

“ဆိုင်ကယ်ရှေ့က မောင်းလာတဲ့သူကတော့ သေတယ်။ နောက်ကလိုက်ပြီးတဲ့သူကတော့ ဒဏ်ရာတွေနဲ့ ထွက် ပြေးသွားတယ်လို့ပဲ သိရပါတယ်။ ပြီးတော့ ပြန်လည်တွေ့ရှိပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရတယ်။ လမ်းဘေးမှာ စက်ဘီးစီးလာတဲ့ သူတစ်ယောက်ကတော့ ဒဏ်ရာရတယ်။” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

ပေါက်ကွဲသည် လက်လုပ်မိုင်းကြောင့် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံအချို့က အတည်ပြုသည်။ ဖြစ်စဉ် အပေါ် ထပ်မံအတည်ပြုရန် သက်ဆိုင်ရာကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

 

Photo – credit

 

#PeopleMedia #တောင်ဒဂုံ #ပေါက်ကွဲမှု

 

(unicode)


……………………………………………………………….

 


 


 


 


 


 

Photo – credit

 



Share this post