ရန်ကုန်မြို့၌ အသက် (၅၅) နှစ်အရွယ်ရှိ အထက်တန်းပြဆရာမကြီးကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု၌ ပါဝင်သည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး ဖမ်းဆီးခံထားရ
PUBLISHED - November 6, 2021
ရန်ကုန်၊ နိုဝင်ဘာ ၆ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာမြို့နယ်၌ နေထိုင်သည့် အသက်(၅၅)နှစ်အရွယ်ရှိသူ အထက်တန်းပြ ဆရာမကြီးဒေါ်လှလှသန်းကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးကို လုံခြုံရေးအဖွဲ့များမှ ဖမ်းဆီးထားကြောင်း ကနဦးသိရှိရသည်။
“အမျိုးသမီးနှစ်ယောက် အမျိုးသားတစ်ယောက် မိထားတယ်လို့ ကနဦး ပြောလို့ရပါတယ်” လို့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဆရာမကြီး ဒေါ်လှလှသန်းသည် နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက အဌားယာဉ်ဖြင့် နေအိမ်မှ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ အထက်တန်းကျောင်းသို့ သွားနေစဉ် မြောက်ဥက္ကလာပမြို့နယ် သုဓ္ဓမကြီးအရောက်၌ ယာဉ်ကျောပိတ်မိနေစဉ် သေနတ်သမားများသည် ဆရာမကြီးကိုပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ဆရာမကြီးသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် မြောက်ဥက္ကလာပဆေးရုံကြီး၌ ကွယ်လွန်သွား ခဲ့သည်။ ဆရာမကြီးကို လုပ်ကြံသတ်ဖြတ်မှုသည် ဒေသခံ PDF အဖွဲ့နှစ်ဖွဲ့ပေါင်းပြီး လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
#PeopleMedia #ဒေါ်လှလှသန်း #ပညာရေးဝန်ကြီးဌာန
(unicode)
…………………………………………………