ရန်ကုန်မြို့၌ အုပ်ချုပ်ရေးမှူး နှစ်ဦး တစ်ရက်ထဲတွင် လုပ်ကြံသတ်ဖြတ်ခံရ၊ သေနတ်သမားများ လွတ်မြောက်နေ

PUBLISHED - November 24, 2021
ရန်ကုန်၊ နိုဝင်ဘာ ၂၄ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် အမှတ် (၂၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦးကို တစ်နာရီခြား၍ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် အရှေ့ဒဂုံမြို့နယ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး တင်ထွန်းအောင်သည် လက်ဘက်ရည်ဆိုင်တွင် ထိုင်နေစဉ်တွင် အမည်မသိ သေနတ်သမားနှစ်ဦးက လာ ရောက်ပစ်ခတ်ခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပေါ်ပြီး နံနက် ၉ နာရီအချိန်တွင် (၂၉) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ကြည်သည် လက်ဘက်ရည်ဆိုင်တွင်ထိုင်နေစဉ် သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ရပ်ပြီးနောက် ပစ်ခတ်ခဲ့ပါတယ်။
“ဖြစ်စဉ်တော့ ဟုတ်ပါတယ်။ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ သေနတ်ဒဏ်ရာ တော်တော်များ တယ်။ အမှတ် ၂၉ ရပ်ကွက်ကတော့ စိုးရိမ်စရာမရှိဘူး သူကတော့ သူအမျိုးသမီးကိုပါထိတာ အခုဖြစ်စဉ်က တစ်နာရီပဲခြားပြီးတော့ဖြစ်တာပါ” ဟု ရပ်ကွက်အတွင်းနေထိုင်သူများတချို့က အတည်ပြုပြောဆိုပါတယ်။
လက်ရှိအချိန်၌ သေနတ်သမားများကို လုံခြုံရေးအဖွဲ့များက ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။
#PeopleMedia #အုပ်ချုပ်ရေးမှူး
(unicode)
………………………………………………………