ရန်ကုန်မြို့၌ ကျောင်းသွားသည့် အထက်တန်းပြ ဆရာမတစ်ဦး သေနတ်ဖြင့် ၃ ချက် အပစ်ခံရမှုကြောင့် သေဆုံး၊ ဆရာမကြီးကို လုပ်ကြံသူများ ဘေးကင်းပါစေ ကျန်းမာပါစေလို့ ဆရာမအချို့ ဆုတောင်းပေး

PUBLISHED - November 5, 2021
ရန်ကုန်၊ နိုဝင်ဘာ ၅ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ အ-ထ-က(၂) ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၌ တာဝန်ထမ်းဆောင်နေသည့် အထက် တန်းပြ ဆရာမတစ်ဦးသည် နေအိမ်မှ ကျောင်းသို့ အဌားယာဉ်ဖြင့် သွားစဉ် လမ်း၌ သေနတ်ဖြင့် ၃ ချက် ပစ် ခတ်ခံရပြီး ဆေးကုသနေစဉ် သေဆုံးသွားပါတယ်။
“ဆရာမကြီး မြောက်ဥက္ကလာပ ဆေးရုံမှာ ဒီမနက်ပဲ ဆုံးသွားပါတယ်။ ဆရာမကြီးကို လုပ်ကြံတဲ့ သားငယ် သမီးငယ်တွေ ဘေးကင်းပါစေ။ ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်လို့” သေဆုံးသွားတဲ့ ဆရာမကြီးနဲ့ နီးစပ်သည့် ဆရာမတစ်ဦးက ပြောပါတယ်။
ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းက အသက်(၄၆)နှစ်အရွယ်ရှိ အထက်တန်းပြကျောင်းဆရာမတစ်ဦးသည် နေအိမ်မှ ကျောင်းသို့ အဌားယာဉ်ဖြင့် သွားစဉ် မြောက်ဥက္ကလာပမြို့နယ်အတွင်း၌ အဌားယာဉ်သည် မီးပွိုင့်မိနေစဉ် ပစ် ခတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
အလားတူ ပြီးခဲ့သည့်ရက်ကလည်း ကြည့်မြင်တိုင်မြို့နယ်ရှိ စာသင်ကျောင်းအနီး၌ ဗုံးပေါက်ကွဲမှုလည်း ဖြစ် ပေါ်ခဲ့ပါတယ်။
Photo – credit
#PeopleMedia #ပညာရေး #ပညာရေးဝန်ထမ်းလုပ်ကြံခံရမှု
(unicode)
………………………………………………………….
Photo – credit