ရန်ကုန်-မန္တလေးအမြန်လမ်းမှ နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ ဝင်ရောက်လိုလျှင် ဆိုင်ကယ်ကယ်ရီခ တစ်သောင်းကျပ်သာ ကုန်ကျ

PUBLISHED - September 15, 2021
နေပြည်တော်၊ စက်တင်ဘာ ၁၅ (People Media)
တိုင်းဒေသကြီး/ပြည်နယ်များမှ ခရီးသွားများသည် ရန်ကုန်-မန္တလေးအမြန်လမ်းမှ နေပြည်တော်ကောင်စီနယ် မြေအတွင်းသို့ ဝင်ရောက်လိုလျှင် ဆိုင်ကယ်ကယ်ရီခ တစ်သောင်းကျပ်ဖြင့် ဝင်ရောက်နိုင်ကြောင်း ဆိုင်ကယ် ကယ်ရီမောင်းနှင်းသူအချို့က ပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေကို လုံခြုံရေးအရ အမြင့်ဆုံးထားရှိထားသော်လည်း နေပြည်တော်သို့ ဝင်ရောက် လိုသူများသည် ဆိုင်ကယ်ကယ်ရီများဖြင့် ချိတ်ဆက်၍ တောလမ်းအတွင်းမှ ဝင်ရောက်နေတာလည်း ဖြစ်ပါ တယ်။
လက်ရှိအချိန်၌ နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ ခရီးသည်ယာဉ်လိုင်းများ လူသယ်ဆောင်ခွင့်ကို ကန့်သတ်ထားသော်လည်း ကားလေးများဖြင့် မန္တလေး-နေပြည်တော်၊ ရန်ကုန်-နေပြည်တော်သို့ ပြေးဆွဲ လျက်ရှိပါတယ်။
“ဂိတ်တွေကို ကျော်ပြီး တောလမ်းကနေ လူတွေ ဝင်နေကြတာ မတားစီးနိုင်ကြသေးဘူး။ ဒီလို တရားမဝင် ဝင်ရောက်တာက ကျန်းမာရေးအရလည်း မကောင်းဘူးလို့” နိုင်ငံဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
ရန်ကုန်မှ နေပြည်တော်ကောင်စီနယ်မြေအတွင်းအထိ ယာဉ်စီးခအနေဖြင့် ကျပ်ငွေ (၄၀၀၀၀ မှ ၄၅၀၀၀)ထိ ဖြင့် စီးနင်းနိုင်တယ်လို့ ရန်ကုန်-နေပြည်တော် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက People Media ကို ပြောပါတယ်။
ထို့နောက် နေပြည်တော်ထဲသို့ ဆိုင်ကယ်ဖြင့် ဝင်ရောက်လိုလျှင် ရန်ကုန်-မန္တလေး အမြန်လမ်း နေပြည်တော် တိုးဂိတ်ကျော်၌ ဆင်း၍ ဆိုင်ကယ်ကယ်ရီများကို ကျပ်ငွေတစ်သောင်းပေး၍ ဝင်ရောက်မှုတွေရှိတယ်လို့ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူက People Media ကို ပြောပါတယ်။
NUG က စက်တင်ဘာ (၇) ရက်နေ့မှ စတင်၍ D-Day သတ်မှတ်လိုက်ပြီးနောက် နေပြည်တော်ရှိ လမ်းမကြီး များ၊ လမ်းသွယ်များ၌ လုံခြုံရေးဂိတ်များ ချထားမှု တွေ့ရပါတယ်။
Photo – နေပြည်တော်ကောင်စီနယ်မြေရှိ ကျန်းမာရေးစစ်ဆေးဂိတ်
#PeopleMedia #နေပြည်တော်ကောင်စီနယ်မြေ
(unicode)
………………………………………………………………………………