• Follow Us on
Latest News

Home ရန်ကုန်-မော်လမြိုင်ကားလမ်း၌ ၁၀ ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာ ကားဘီးနှင့် ကြိတ်မိသဖြင့် ဆိုင်ကယ် မောင်းသူသေဆုံး

ရန်ကုန်-မော်လမြိုင်ကားလမ်း၌ ၁၀ ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာ ကားဘီးနှင့် ကြိတ်မိသဖြင့် ဆိုင်ကယ် မောင်းသူသေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၇ (People Media)

 

မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ၁၀ ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာ ကားဘီးနှင့် ကြိတ်မိ သဖြင့် ဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာအုပ်စု၊ လက်ပန်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း နှင့် မိုင်တိုင်အမှတ် ၁၈၁/၁ နှင့် ၁၈၁/၂ ကြား၌ စက်တင်ဘာ ၁၆ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် Nissan Condor အမျိုးအစား ၁၀ ဘီးယာဉ်နှင့် တစ်ဖက် ကြောမှမောင်းနှင်လာသည့် ဆိုင်ကယ်ဖြင့် တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၀ ဘီးယာဉ်၏ အရှေ့ဘယ်ဘက်ဘီးအောက်တွင် လူကြိတ်မိနေကြောင်း ပေါင်မြို့နယ်မီးသတ်စခန်းသို့ အကူ အညီတောင်းသဖြင့် သွားရောက်ကူညီပေးခဲ့ကြောင်း သိရှိရသည်။

 

ထို့အပြင် ပေါင်မြို့နယ်မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား(သေဆုံး)အား ကားဘီးအောက်မှ ဆွဲထုတ်၍ မွန် မြတ်စိတ်ထား လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မုတ္တမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 

#PeopleMedia #ရန်ကုန်-မော်လမြိုင် #ယာဉ်တိုက်မှု

 

(unicode)


…………………………………………………………………..

 


 


 


 


 



Share this post