ရန်ကုန် – မော်လမြိုင် ရထားလမ်းရှိ တံတားအမှတ် ၁၂၅ မိုင်းခွဲဖျက်ဆီးခံရ

PUBLISHED - November 6, 2021
မွန်၊ နိုဝင်ဘာ ၆ (People Media)
ရန်ကုန် – မော်လမြိုင် ရထားလမ်း၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ တံတားအမှတ် ၁၂၅ သည် မိုင်းထောင်ဖျက် ဆီးခံရကြောင်း ဒေသခံများထံမှ သိရပါတယ်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက် ည ၈ နာရီကျော်အချိန်က ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ မုကျိရွာ အနီးရှိ ရထားတံတားအမှတ် ၁၂၅ ကို မိုင်းခွဲဖျက်ဆီးခံရခြင်း ဖြစ်ပါတယ်။
“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ မနေ့ည ၈ နာရီလောက်က ဖြစ်တာ ရထားသံလမ်းနှစ်ဖက်လုံးက ပျက်စီး သွားတယ်။ ခုမနက်ပိုင်းမှာတော့ အဲ့ဒီနေရာကို ပြန်ပြင်နေတာတော့ တွေ့ရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့သည့်လပိုင်းကလည်း ရထားသံလမ်းများကို အကြမ်းဖက်များက မိုင်းထောင်ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြပါတယ်။
Photo – ပုံအဟောင်းပြန်လည်ဖော်ပြခြင်းဖြစ်သည်။
#PeopleMedia #ပေါင် #ရထားလမ်း
(unicode)
……………………………………………………