ရန်သူ့စစ်ဆင်ရေးကွပ်ကဲမှုနှင့် ဆက်သွယ်ရေးစနစ်ကို ဖျက်ဆီးပစ်နိုင်သည့် ဒုံးကျည်သစ်နှစ်မျိုး အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ကြောင်း တရုတ်ကြေညာ

PUBLISHED - August 24, 2021
နိုင်ငံတကာ၊ သြဂုတ် ၂၄ (People Media)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဒုံးကျည်တပ်ဖွဲ့က ရန်သူ့ဆက်သွယ်ရေးစနစ်များကိုဖြတ်တောက် ဖျက်ဆီးပစ်ရန် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသည့် တာတိုပစ်သမရိုးကျဒုံးကျည်နှစ်မျိုးကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း တရုတ်အစိုးရပိုင်မီဒီယာက စနေနေ့ကကြေညာခဲ့သည်။
“ဒုံးကျည်တွေက ကီလိုမီတာသုံးလေးရာလောက်အကွာအဝေးမှာရှိပြီး အကာအကွယ်မျိုးစုံအထပ်ထပ်တပ်ဆင် ကာကွယ်ထားတဲ့ ရန်သူ့စခန်းက ပစ်မှတ်ကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပါတယ်။ ရန်သူ့အဓိက ဆက်သွယ်ရေး နေရာကို မလှုပ်ရှားနိုင်အောင် ထိထိရောက်ရောက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။” ဟု CCTV သတင်းဌာနတွင် ဖော်ပြ ခဲ့သည်။
တရုတ်နိုင်ငံ၏ အနောက်မြောက်ဘက်တွင်ပြုလုပ်ခဲ့သည့်စစ်ရေးလေ့ကျင့်မှုကို ရုပ်သံထုတ်လွှင့်ပြသခဲ့ပြီး အဆို ပါဒုံးကျည်သစ်များသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် စစ်ဘက် ဆိုင်ရာလက်နက်များ၏စွမ်းရည်ကို တိုးတက်စေခဲ့ကြောင်းထုတ်လွှင့်ကြေညာခဲ့သည်။
ဒုံးကျည်ကို ဒုံးကျည်တင်ယာဉ်တစ်စီးပေါ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ရခြင်း၏ ရည်ရွယ် ချက်မှာ ပစ်မှတ်ကိုတိုက်ခိုက်ရာတွင် အချိန်နှင့် စစ်သည်အင်အားကို လျှော့ချနိုင်ရန်အတွက်ဖြစ်ကြောင်း အင် တာဗျူးလုပ်ခဲ့သည့်တပ်မတော်အရာရှိများကပြောသည်။ လေ့ကျင့်ပစ်ခတ်မှုသည် ယင်းကဲ့သို့စစ်ဆင်ရေးမျိုး ပြု လုပ်ရာတွင် လိုအပ်သည့်အချိန် ထက်ဝက်သက်သာစေကြောင်း CCTV သတင်းဌာနကပြောသည်။
“အမြန်တုံ့ပြန်ပစ်ခတ်နိုင်တဲ့စွမ်းရည်နဲ့ပတ်သက်လို့ပြောရမယ်ဆိုရင် ဒုံးကျည်ပစ်ခတ်တဲ့အခါ နည်းပညာပိုင်း ဆိုင်ရာလုပ်ငန်းစဉ်တွေကို လျှော့ချလို့ရမလားဆိုတာကို ကျွန်တော်တို့အဓိက လေ့လာခဲ့ပါတယ်။ ဒုတိယ ဦး စားပေးအနေနဲ့က စစ်ဆင်ရေးဆောင်ရွက်တဲ့အခါ ပိုပြီးတိတိကျကျဆောင်ရွက်နိုင်အောင် ဒုံးကျည်ပစ်ခတ်မှုလေ့ ကျင့်ခန်းကို တိုးမြှင့်ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။” ဟု ပထမတန်းသမရိုးကျဒုံးကျည်တပ်ဖွဲ့မှ အဆင့်မြင့်အင်ဂျင် နီယာ ဝူရှိုမင်ကပြောသည်။
စစ်ရေးလေ့ကျင့်မှုသည် လွန်ခဲ့သည့်သီတင်းပတ်က ထိုင်ဝမ်ကျွန်းအနီးပြုလုပ်ခဲ့သော တရုတ်နိုင်ငံ၏ ဝေဟင်၊ ရေပြင်စစ်ရေးလေ့ကျင့်မှုအပြီး ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါဒုံးကျည်များသည် ထိုင်ဝမ်နိုင်ငံကိုသာချိန် ရွယ်ထားခြင်းမဟုတ်ဘဲ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံ တို့နှင့်ဖြစ်ပွားသည့်ပဋိပက္ခများတွင်လည်း အသုံး ပြုနိုင်ကြောင်း စစ်ရေးလေ့လာသူများကပြောသည်။
“ဒီဒုံးကျည်တွေဟာ ရန်သူ့ဆက်သွယ်ရေးလမ်းကြောင်းကိုဖြတ်တောက်ပစ်နိုင်သလို ရန်သူ့ခံစစ်ကိုလည်းရိုက် ချိုးပစ်နိုင်တယ်။ ရေပြင်နဲ့ ဝေဟင်ကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ခင်မှာ ဒီဒုံးကျည်တွေကိုသုံးပြီး ရန်သူ့အခြေ စိုက်စခန်းတွေကို ကျွန်တော်တို့ဖျက်ဆီးပစ်နိုင်တယ်။ ပြီးတော့မှ တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေနဲ့ ကုန်း ရေနှစ်သွယ်သွားယာဉ်တွေကို ကျွန်တော်တို့စေလွှတ်နိုင်တယ်။” ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မ တော်မှ နည်းပြအရာရှိဟောင်း ဆောင်ဇူပိုင်ကပြောသည်။
အမေရိကန်အနေဖြင့် ထိုင်ဝမ်အရေးမှသည် တောင်တရုတ်ပင်လယ်အရေးအထိ တရုတ်နိုင်ငံ၏ပြည်တွင်းရေး ကို ဝင်ရောက်စွက်ဖက်လာပါက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တွင် တုံ့ပြန်တိုက်ခိုက်နိုင် သည့် စွမ်းရည်အပြည့်အဝရှိသည်ကို ယင်းစစ်ရေးလေ့ကျင့်မှုက ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ကြောင်း PLA နှင့် နီးစပ်သည့် ဆန်းစစ်လေ့လာသူတစ်ဦးကပြောသည်။
Ref: China says it successfully tested two new missiles that can take out military command and communications systems
#PeopleMedia
(unicode)
………………………………………………………………
Ref: China says it successfully tested two new missiles that can take out military command and communications systems
#PeopleMedia