• Follow Us on
Latest News

Home ရန်ကင်းမြို့နယ်တွင် Ammonium hydroxide ယိုစိမ့်မှုဖြစ်ပွား

ရန်ကင်းမြို့နယ်တွင် Ammonium hydroxide ယိုစိမ့်မှုဖြစ်ပွား

Share this post

နေပြည်တော်၊ သြဂုတ် ၁၄

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၁) ရပ်ကွက်၊ သစ္စာလမ်းတွင် သြဂုတ်လ ၁၃ ရက်နေ့၊ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်က Ammonium hydroxide ယိုစိမ့်မှုဖြစ်ပွားကြောင်း သိရသည်။

 

ရန်ကင်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ သစ္စာလမ်းတွင် Ammonium hydroxide ယိုစိမ့်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁)စီး၊ Foam မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ် (၁)စီးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Ammonium hydroxide ယိုစိမ့်မှုအား ညနေ ၆ နာရီအချိန်တွင် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ ကြောင်း သိရသည်။

 

#PeopleMedia


Share this post