• Follow Us on

Home ရန်ကုန်(ခုတင်-၅၀၀) အထူးကုဆေးရုံကြီး၌ ၃၅ ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်

ရန်ကုန်(ခုတင်-၅၀၀) အထူးကုဆေးရုံကြီး၌ ၃၅ ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

 

ရန်ကုန် (ခုတင်-၅၀၀) အထူးကုဆေးရုံကြီး၌ (၃၅) ကြိမ်မြောက်အသည်း အစားထိုးခွဲစိတ် ကုသမှုအောင် မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

အသည်းအစားထိုး ခွဲစိတ်ကုသသည့်လူနာမှာ အသက် ၂၉ နှစ်အရွယ် အမျိုးသားဖြစ်ပြီး အသည်းအလှူရှင်မှာ ၎င်း၏ညီမဝမ်းကွဲတော်စပ်သူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း၊ အဆိုပါအသည်းအစားထိုးခွဲစိတ် ကုသမှုကို ဒီဇင်ဘာလ ၁၉ရက်နေ့နံနက် ၇ နာရီမှ ညနေ ၃ နာရီခွဲအထိ အောင်မြင်စွာဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသပြီး လူနာနှစ်ဦးကို အထူးကြပ်မတ် ကုသဌာန၌ထားရှိ၍ လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှု များကို ဆက်လက်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အသည်းအစားထိုး ခွဲစိတ်ကုသမှုများကို ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၌ ၂၀၀၄ ခုနှစ်တွင် တစ်တွဲ၊ ၂၀၀၉ ခုနှစ်တွင် တစ်တွဲဖြင့် စတင်ဆောင်ရွက်ပြီး အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန် ဖွင့်လှစ်ပြီးနောက် ၂၀၁၅ ခုနှစ်တွင် တစ်တွဲ၊ ၂၀၁၆ ခုနှစ်တွင် လေးတွဲ၊ ၂၀၁၇ ခုနှစ် တွင် ခြောက်တွဲ၊ ၂၀၁၈ ခုနှစ်တွင် ၁၁ တွဲ၊ ၂၀၁၉ ခုနှစ်တွင် ၁၀ တွဲ စုစုပေါင်း ၃၄ တွဲကို လည်းကောင်း၊ မန္တလေးပြည်သူ့ဆေးရုံကြီး၌ ၂၀၁၇ ခုနှစ်တွင် သုံးတွဲ၊ ၂၀၁၈ ခုနှစ်တွင် ခုနစ်တွဲ၊ ၂၀၁၉ ခုနှစ်တွင် လေးတွဲ စုစုပေါင်း ၁၄ တွဲကို လည်းကောင်း၊ ကလေး ဆေးရုံကြီး- ရန်ကုန်၌ ၂၀၁၉ ခုနှစ်တွင် သုံးတွဲကိုလည်းကောင်း ဆောင်ရွက်နိုင်ခဲ့ကာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအရ ရပ်နားခဲ့ရရာမှ ယခုပြန်လည်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post