ရန်ကုန်တက္ကသိုလ်ဓါတုဗေဒဌာနရှိ ဓာတုဗေဒသုတေသနဓါတ်ခွဲခန်းတွင် အလူမီနီယံဆာလဖိတ်ယိုစိမ့်မှုဖြစ်ပွား
PUBLISHED - August 19, 2023
နေပြည်တော်၊ သြဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဓာတုဗေဒသုတေ သနဓါတ်ခွဲခန်းတွင် ယမန်နေ့ ညနေ ၆ နာရီကျော်အချိန်က အလူမီနီယံဆာလဖိတ် ယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ် ဓါတုဗေဒဌာနရှိ ဓာတုဗေဒသုတေသနဓါတ်ခွဲခန်း(CE 1/2/3/4)တွင် ထားရှိသော အလူမီ ယမ်ဆာလဖိတ်ထည့်ထားသောတိုင်ကီ ၆ လုံးမှ ၁ လုံးမှ ယိုစိမ့်မူဖြစ်ပေါ်ခဲ့သဖြင့် ကမာရွတ်မြို့နယ်မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စမ်းချောင်း မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး ယာဉ် (၁)စီး၊ Ventilator မီးသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ည ၈ နာရီအချိန်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
#PeopleMedia