• Follow Us on
Latest News

Home ရန်ကုန်တိုင်းတွင် ဌာနဆိုင်ရာရေကစားမဏ္ဍပ် (၁ဝ) ခု၊ ဖျော်ဖြေရေးမဏ္ဍပ် (၁) ခု၊ ခရိုင်/မြို့နယ်ဗဟိုမဏ္ဍပ် (၄၃) ခု၊ ရေကစားမဏ္ဍပ် (၁၇၆) ခု।လမ်းလျှောက်သင်္ကြန် (၂) ခုတို့ဖြင့် စည်ကားသိုက်မြိုက်စွာဆောင်ရွက်မည်

ရန်ကုန်တိုင်းတွင် ဌာနဆိုင်ရာရေကစားမဏ္ဍပ် (၁ဝ) ခု၊ ဖျော်ဖြေရေးမဏ္ဍပ် (၁) ခု၊ ခရိုင်/မြို့နယ်ဗဟိုမဏ္ဍပ် (၄၃) ခု၊ ရေကစားမဏ္ဍပ် (၁၇၆) ခု।လမ်းလျှောက်သင်္ကြန် (၂) ခုတို့ဖြင့် စည်ကားသိုက်မြိုက်စွာဆောင်ရွက်မည်

Share this post

နေပြည်တော်၊ ဧပြီ ၆

 

သင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် (၁ဝ)ခု၊ လမ်းလျှောက်သင်္ကြန် (၁)ခု၊ ဖျော်ဖြေရေးမဏ္ဍပ် (၁)ခု၊ ခရိုင်/ မြို့နယ်များတွင် ဗဟိုမဏ္ဍပ် (၄၃) ခု၊ ရေကစားမဏ္ဍပ် (၁၇၆) ခု၊ လမ်းလျှောက်သင်္ကြန် (၂) ခုတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာ ခန်းမ၌ ကျင်းပခဲ့သည်။

 

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ပြည်သူ့ရင်ပြင်၌ အများပြည်သူ ပျော်ရွှင်လွတ်လပ်စွာဖြင့် ပါဝင်ရေကစားနိုင်ရေး တိုင်းဒေသကြီး ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် (၁ဝ)ခု၊ လမ်း လျှောက်သင်္ကြန် (၁)ခု၊ ဖျော်ဖြေရေးမဏ္ဍပ် (၁)ခု၊ မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်အား ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရိုင်/ မြို့နယ်များတွင် ဗဟိုမဏ္ဍပ် (၄၃) ခု၊ ရေကစား မဏ္ဍပ် (၁၇၆) ခု၊ လမ်းလျှောက်သင်္ကြန် (၂) ခုတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

 

ဖျော်ဖြေရေးအစီအစဉ်များ စတုဒီသာကျွေးမွေးမည့် အစီအစဉ်များ ပါဝင်ကြောင်းနှင့် မြို့တော်ခန်းမရှေ့ မဟာ သင်္ကြန်မဏ္ဍပ်တွင် ဌာနဆိုင်ရာကိုယ်စားပြု ယိမ်းအဖွဲ့များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အဖွဲ့များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များ၏ ဖျော်ဖြေမှုများဖြင့် နေ့စဉ်အလှည့်ကျဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားသည်။

 

#PeopleMedia


Share this post