ရန်ကုန်တိုင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ် (၇၄) ဦးရှိပြီး (၅) ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူများဖြစ်

PUBLISHED - July 17, 2024
နေပြည်တော်၊ ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ် (၇၄)ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၅)ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူလူနာများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများဖြင့် လူနာအချို့ ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၅ရက်နေ့၊ ညနေ ၆နာရီမှ ဇူလိုင်လ ၁၆ရက်နေ့၊ ညနေ ၆နာရီ အထိ (၂၄) နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ် (၇၄) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၅) ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားသူလူနာများဖြစ်ကြောင်း သိရသည်။
လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရပြီး ဇူလိုင်လ ၁၆ရက်နေ့တွင် ရောဂါသက်သာပျောက်ကင်းသည့် လူနာ(၉၂)ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့သော လူနာစုစုပေါင်း (၇၀၅)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ဆက်လက် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
#PeopleMedia