• Follow Us on
Latest News

Home ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုများရှိမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုများရှိမည်

Share this post

နေပြည်တော်၊ ဇွန် ၂၉

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ကြေညာထားသည်။

 

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဇွန်လ ၂၆ ရက်နေ့၊ ည ၇ နာရီ ၅၄ အချိန်ခန့်တွင် 230kV မန်စံ – ရွှေစာရံ လိုင်း အမြဲတမ်းအပြစ် (Permanent. Fault) ဖြစ်၍ တစ်နိုင်ငံလုံးဓာတ်အားစနစ်ချို့ယွင်းမှု (System Breakdown) ဖြစ်ပွားခဲ့သည်။

 

ဓာတ်အားလိုင်း. ချို့ယွင်းနေမှုကြောင့် ယနေ့အထိ နိုင်ငံ တော်ဓာတ်အားစနစ်အတွင်းသို့ ရွှေလီဓာတ်အားပေး စက်မျာမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်နိုင်မှု. (၄၀၀) မဂ္ဂါဝပ်ခန့် တစ်နေ့လျှင် လျှပ်စစ်ပမာဏယူနစ်( ၉.၅)သန်းခန့် လျော့နည်းရရှိနေပြီး နယ်မြေအခြေအနေအရပြုပြင်မှုများ ဆောင်ရွက်နိုင်ရန်စီစဉ်ထားဆဲ ဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွက် မူလလျာထား‌သော ဓာတ်အားပမာဏထက် (၂၀%) နေ့စဉ်ယူနစ် (၅.၆၄၇) သန်းခန့် လျော့နည်းရရှိခဲ့ပါသဖြင့် အရေးပေါ် ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်နေရ‌ကြောင်း သိရသည်။

 

သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်နှင့် အများပြည်သူများအား ယခင်ရက်ပိုင်း သုံးစွဲဝန်အား ထက် လျော့ချ၍ ဓာတ်အားဖြန့်ဖြူးနေရကြောင်းနှင့် အရေးပေါ်ဝန်အား ထိန်းညှိမှုဆောင်ရွက်ရခြင်းများကြောင့် မြို့နယ်အချို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ အသိပေးထားသည်။

 

#PeopleMedia


Share this post