ရန်ကုန်တိုင်းမြို့နယ်များရှိ ရပ်ကွက်များတွင် လူငယ်များကို မဲနှိုက်ရွေးချယ်ပြီး တပ်မတော်က လာရောက်ခေါ် ဆောင်သွားသည့်ဆိုသည့်သတင်းများမှာ မှန်ကန်မှုမရှိကြောင်း ထုတ်ပြန်
PUBLISHED - March 15, 2024
နေပြည်တော်၊ မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများမှ ရပ်ကွက် တစ်ခုလျှင် လူငယ် ၄ ဦးမှ ၅၀ ဦးအထိ နာမည်နှင့်တကွ ဆင့်ခေါ်စာများ ဖြန့်ဝေ နေကြောင်းနှင့် တစ်ချို့ရပ်ကွက်များတွင် လူငယ်များကို မဲနှိုက်ရွေး ချယ်ပြီး နောက်တွင် တပ်မတော်ကလာရောက်ခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရကြောင်း နစကမှ ထုတ် ပြန်ထားသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်များအရ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများမှ နာမည်နှင့် တကွ ဆင့်ခေါ်စာများ ဖြန့်ဝေနေခြင်းနှင့် တစ်ချို့ရပ်ကွက်များတွင် လူငယ်များကို မဲနှိုက်ရွေးချယ်ပြီး တပ်မ တော်က လာရောက်ခေါ်ဆောင်သွားသည့် ဆိုသည့်သတင်းများမှာ မှန်ကန်မှုမရှိကြောင်း သိရှိရကြောင်း ထုတ် ပြန်ထားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်သည့်နေ့မှစပြီး တရားမဝင်ပြည် ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်း သာယာရေးကို မလိုလားသူများက ကောလာဟလ သတင်းအမှားများဖြင့် တည်ငြိမ်အေးချမ်းမှု မရှိစေရန် အတွက် ဝါဒဖြန့်လှုံဆော်နေခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia