• Follow Us on
Latest News

Home ရန်ကုန်တိုင်းအတွင်းရှိ (၆)မြို့နယ်ကို စစ်အုပ်ချုပ်ရေးမြို့နယ်အဖြစ် သတ်မှတ်

ရန်ကုန်တိုင်းအတွင်းရှိ (၆)မြို့နယ်ကို စစ်အုပ်ချုပ်ရေးမြို့နယ်အဖြစ် သတ်မှတ်

Share this post

ရန်ကုန်၊ မတ် – ၁၅

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စစ်အုပ်ချုပ်ရေးကြေညာလိုက်သည့် မြို့နယ်များမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံတောင်ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာမြို့နယ်ဖြစ်ကြောင်း မြဝတီရုပ်သံက ထုတ်လွှင့်ကြေညာခဲ့သည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးအား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ လုပ်ပိုင်ခွင့်အပ်နှင်းကြောင်း သိရသည်။

ထိုသို့ ကြေညာရာတွင် အဆိုပါမြို့နယ်များတွင် ယခင်နေ့များကလည်း အကြမ်းဖက်လိုသူများက အကြမ်းဖက်မှုများအလားတူ ဆောင်ရွက်ခဲ့ကြကြောင်း သို့ဖြစ်ပါ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးတို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အထက်ပါ မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ကြောင်း သိရသည်။


Share this post