• Follow Us on

Home ရန်ကုန်တိုင်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ ဖွဲ့စည်း

ရန်ကုန်တိုင်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ ဖွဲ့စည်း

Share this post

နေပြည်တော်၊ ဩဂုတ် ၂၈

 

ခရီးသွားကြသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရေကြောင်းဖြင့် ခရီးသွားကြသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ရေကြောင်းဆိုင်ရာ စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ရေယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ပြီး ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကြည့်မြင်တိုင်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မှတ်ပုံတင်ထားရှိသည့် မြင်းကောင်ရေ (၂၀)အောက် စက်တပ်သမ္ဗာန် (၅၃၇)စီးရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်တွင် ကြည့်မြင့်တိုင်ဘက်ကို မောင်းလာသည့်  သမ္ဗန်တစ်စင်း လှိုင်မြစ်ထဲမှာ နစ်မြုပ်ခဲ့မှုကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

 

#PeopleMedia


Share this post