ရန်ကုန်တွင်အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် ဗုံးသယ်လာစဉ်ပေါက်ကွဲခဲ့သဖြင့် အကြမ်းဖက်သမားများ သေဆုံး
PUBLISHED - March 2, 2024
နေပြည်တော်၊ မတ် ၂
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယမန်နေ့ ညပိုင်းက အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် ဗုံးသယ်လာစဉ် ပေါက်ကွဲခဲ့သဖြင့် အကြမ်းဖက်သမားများ သေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်က လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ (၂) ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်း လမ်း၊ (၁) ထိပ်မီးပွိင့်အနီးတွင် PDF အမျိုးသား ၂ ဦး လက်လုပ်ဗုံးကို စက်ဘီးဖြင့်သယ်ဆောင်လာစဉ် ပေါက် ကွဲခဲ့သဖြင့် အမျိုးသား ၂ ဦး အခင်းဖြစ်ရာတွင်ပင် ပေါက်ကွဲစထိမှန်ဒဏ်များဖြင့်သေဆုံးခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီးတွင် အဖြူရောင်အိတ် (၁) လုံးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့များမှ အတားအဆီးပြုလုပ်၍ သွားလာမှုကန့်သတ်ထားရှိစဉ် ည ၈ နာရီ ၁၁ မိနစ်အချိန့်၌ အဆိုပါအိတ် အတွင်းမှ လက်လုပ်ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထို့အတူ ယမန်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန်က အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းနှင့် ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံတွင် အကြမ်းဖက်သမားများဟု ယူဆရသူများသည် မော်တော်ယာဉ်ဖြင့် လက်လုပ်ဗုံး သယ်ဆောင်လာစဉ် ပေါက်ကွဲခဲ့သဖြင့် မော်တော်ယာဉ် မီးလောင်းခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦးနှင့် အမျိုး သမီး ၁ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
ထိုပြင် ယမန်နေ့ညပိုင်းက ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်နှင့် အင်းစိန်မြို့ နယ်တို့၌ ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး လမ်းသွားလမ်းလာ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
#PeopleMedia