• Follow Us on

Home ရန်ကုန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျခြင်းများနှင့် အုတ်တံတိုင်းပြိုကျမှုများဖြစ်ပွား

ရန်ကုန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျခြင်းများနှင့် အုတ်တံတိုင်းပြိုကျမှုများဖြစ်ပွား

Share this post

နေပြည်တော်၊ မေ ၂၇

 

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် ယနေ့ နံနက်ပိုင်း အချိန်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်လဲကျခြင်းများနှင့် အုတ်တံတိုင်းပြိုကျမှုများ ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ယနေ့ နံနက် ၁၀နာရီ ၅၅ အချိန်က သန်လျင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့မမြောက် ရပ်ကွက်၊ သီရိလမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခြင်းနှင့် ၁၁ ၂၇ အချိန်ခန့်တွင် မြို့သစ်ရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်းတွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်အဖွဲ့များ ဖြင့် ပူးပေါင်း၍  ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ယနေ့ နံနက်  ၁၀နာရီ ၅၈ အချိန်က မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ဝေဘာဂီလမ်း၊ ကုန်းလမ်းပို့ဆောင်ရေးဝန်းရှေ့တွင် သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြောက်ဥက္ကလာပမြို့ နယ်နှင့် နယ်မြေမီးသတ်စခန်းတို့မှ  ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ မေတ္တာရှင်ပရဟိတအသင်းမှ အဖွဲ့ ဝင်များနှင့် ဝေဘာဂီပရဟိတအသင်းမှ အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍  ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

 

ယင်းနောက် ယနေ့ နံနက် ၁၁ နာရီ ၂၇ အချိန်က သန်လျင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညောင်သုံးပင်ကျေးရွာ၊ ညောင်သုံးပင်လမ်း၊ ကာလီမန်မယ်တော်ကျောင်းဝန်းတွင် ဆောက်လုပ်ပြီးကာစ အမြင့်(၈) ပေ၊ အလျား(၅၀)ပေခန့်ရှိသော အုတ်တံတိုင်းသည် မြေသားမခိုင်၍ ပြိုကျမှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် တောင်ပိုင်းခရိုင်းမီးသတ်စခန်းနှင့် သန်လျင်မြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍  ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post