ရန်ကုန်တွင် မိုးသန်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်တချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်
PUBLISHED - October 21, 2024
နေပြည်တော်၊ အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီးတွင် မိုးသန်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်တချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဒဂုံအရှေ့၊ ဒဂုံမြောက်၊ ဒဂုံတောင်၊ သင်္ဃန်းကျွန်း၊ တာမွေ၊ သာကေတ၊ လှိုင်၊ မရမ်းကုန်း၊ အင်းစိန်၊ မှော်ဘီ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်နေပြီး မြို့နယ်တချို့တွင် ရေကြီးမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သော(၂၄)နာရီအတွင်းက ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပြီး၊ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဘိုကလေးမြို့တွင် ၅.၄၀ လက်မ၊ မှော်ဘီမြို့တွင် ၅.၁၂ လက်မ၊ ရန်ကုန်(မင်္ဂလာဒုံမြို့နယ်)တွင် ၄.၄၅ လက်မ၊ ကြို့ပင်ကောက်မြို့တွင် ၄.၃၃ လက်မ၊ ရန်ကုန်(မရမ်းကုန်း မြို့နယ်)တွင် ၄.၂၉ လက်မ၊ ရန်ကုန်(ဗိုလ်တထောင်မြို့နယ်)နှင့် မော်လမြိုင်ကျွန်းမြို့တို့တွင် ၄.၁၇ လက်မစီ၊ ကွမ်းခြံကုန်းမြို့တွင် ၄.၁၃ လက်မ၊ ကျုံပျော်မြို့တွင် ၃.၉၀ လက်မနှင့် ဥက္ကံမြို့တွင် ၃.၇၄ လက်မတို့ ဖြစ်ကြ ကြောင်း မိုးလေးဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
#PeopleMedia