• Follow Us on

Home ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူလူနာသစ် ၁၁၅ ဦးရှိခဲ့ပြီး ၂၂ ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူလူနာများဖြစ်

ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူလူနာသစ် ၁၁၅ ဦးရှိခဲ့ပြီး ၂၂ ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူလူနာများဖြစ်

Share this post

နေပြည်တော်၊ ဇူလိုင် ၁၁

 

ရန်ကုန်တိုင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ် ၁၁၅ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၂၂ ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူလူနာများဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြင့် လူနာအချို့ ဆေးရုံတက်ရောက်မှုများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၉ ရက်နေ့၊ ည ၆ နာရီမှ ဇူလိုင် ၁၀ ရက်နေ့၊ ည ၆ နာရီအထိ ၂၄ နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့် ဆေးရုံတက် ရောက်ကုသသူ လူနာသစ် ၁၁၅ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၂၂ ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား သူလူနာများဖြစ်ကြောင်းနှင့် လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်းတွေ့ရှိ ရကြောင်း သိရသည်။

 

ဇူလိုင် ၁၀ ရက်နေ့တွင် ရောဂါသက်သာ ပျောက်ကင်းသည့်လူနာ ၈၇ ဦးအားဆေးရုံမှ ဆင်းခွင့်ပြုခဲ့သဖြင့် ဇူလိုင် ၁၀ရက်နေ့၊ ညနေ ၆နာရီအထိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့သော လူနာစုစုပေါင်း ၂၁၇ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများအား ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post