• Follow Us on

Home ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၇) ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ နစကဥက္ကတက်ရောက်ဖွင့်လှစ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၇) ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ နစကဥက္ကတက်ရောက်ဖွင့်လှစ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၂

 

(၇၇) နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ (၇) ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အနော်ရထာလမ်းရှိ အဆိုပါ ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇) ထပ်ကုသဆောင်သစ်အား  စက် ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မိန်းခွန်းပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ စတင်တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလမှစတင်ပြီး ကျေးလက်ကျန်းမာရေးဌာနများနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ် ပေးခြင်း၊ မကွေးမြို့ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့ ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၊ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီး စသည့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ရှိသည့် ဆေးရုံကြီးများတွင် ကုသဆောင်သစ်များ ဖွင့်လှစ် ပေးခြင်း စသည်တို့ကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြောသည်။

 

နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနိုင်ရေး မည်မျှပင်စီမံ ဆောင်ရွက်ပေးနေသည်ဖြစ်စေ ပြည်သူများအနေဖြင့် ၎င်းအခွင့်အရေးကို ခံစားနိုင်ရန် အနှောက်အယှက်များ၊ အခက်အခဲများ ရှိနေမည်ဆိုပါက အကျိုးရှိ နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်သူများအားလုံး တိုင်းပြည်နှင့် ပြည်သူကို ကောင်းစေလိုသည်ဆိုပါက စဉ်းစားဆင်ခြင်ဆောင်ရွက်ကြရန်လိုပါကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ယခုကဲ့သို့ နိုင်ငံတော် ဘဏ္ဍာငွေအမြောက်အမြား အကုန်အကျခံ တည်ဆောက်ထားသည့် (၇) ထပ်ကုသဆောင်သစ်ကြီးအတွင်း၌ နိုင်ငံတကာအဆင့်မီ ဆေးကုသမှုခံစား ရရှိနိုင်ရန် အဆင့်မြင့်ရောဂါ ရှာဖွေကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းထားသည့် ဓာတ်ခွဲ ခန်းများ၊ ပုံရိပ်ဖော်နည်းပညာဆိုင်ရာ ဓာတ်မှန်ဌာန၊ သွေးရောဂါလူနာဌာန၊ ရိုးတွင်းချဉ်ဆီ လဲလှယ်ကုသဌာန တို့ပါဝင်ပြီး ပြည်သူများအနေဖြင့် နိုင်ငံတကာစံနှုန်းနှင့်အညီ နည်းပညာအဆင့် မြင့်မားသည့် ကုသမှုများကို ပိုမိုရရှိနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားသည်။

 

#PeopleMedia


Share this post