• Follow Us on

Home ရန်ကုန်မြို့တွင် ဓားပြတိုက်ပြီး သတ်ဖြတ်သူ ၃ ဦးကို ဖမ်းဆီးရမိ

ရန်ကုန်မြို့တွင် ဓားပြတိုက်ပြီး သတ်ဖြတ်သူ ၃ ဦးကို ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁

 

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် ဓားပြတိုက်ပြီး သတ်ဖြတ်သွားသူ ၃ ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

 

သြဂုတ်လ ၃၀ ရက် နေ့လယ် ၄:၃၀ အချိန်တွင် ပုဇွန်တောင်မြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ မြောင်းကြီးလမ်း၊ အမှတ် (၇၉)၊ ၇ လွှာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးဆီမှ ရွှေနှင့်ငွေသား ၅၀ ကျပ်အား ဓားပြတိုက်ပြီး ထိုအမျိုးသမီးကို သတ်ဖြတ်သွားသည့် အမျိုးသား ၃ ဦးကို နာရီဝက်အတွင်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

ထိုအမျိုးသားများကို ဆက်လက်စစ်ဆေးရာတွင် သြဂုတ်လ ၂၆ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇန ဥယျာဉ်မြို့တော် မြသီတာပန်းခြံအနီးတွင် တက္ကစီယာဉ်မောင်းသည့် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်ပြီး ဖုန်းနှင့်ငွေသားများကိုယူဆောင်သွားသူများဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post