ရန်ကုန်မြို့တွင် ပေါ်တာဆွဲသည့်သတင်းကြောင့် ညဘက်သွားလာသူနည်းလာဟူသည့်သတင်းများမှာ ကောလ ဟလသတင်းများသာဖြစ်

PUBLISHED - November 23, 2023
နေပြည်တော်၊ နိုဝင်ဘာ ၂၃
ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်မှ လူပျောက်ကြော်ငြာများကြောင့် ရန်ကုန်မြို့တွင် ပေါ်တာဆွဲသည်ဟု ဆိုပြီး မြို့နယ်အချို့တွင် ညပိုင်းလမ်းမများအပေါ် လူအသွားအလာယခင်ကထက် နည်းပါးလာကြောင်း၊ ည မှောင်သည်နှင့် ယခင်ကကဲ့သို့ လူသိပ်မရှိတော့ကြောင်း၊ ဈေးဆိုင်များလည်း စောစောသိမ်းလာကြောင်းနှင့် အလုပ်သမားများလည်း စောစောပြန်ကြသည်ဟု ကောလာဟလ မမှန်သတင်းများ ရေးသားထုတ်လွှင့်၍ အများ ပြည်သူကြောက်ရွံ့ထိတ်လန့်စေရန် ဆောင်ရွက်လာသည်ကို တွေ့ရှိကြောင်း သိရသည်။
အဆိုပါ ဖော်ပြမှုများသည် မဟုတ်မမှန်ကြောင်းနှင့် ကောလာဟလသတင်းများသာဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ၏ပြောကြားချက်အရသိရှိရပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများအပေါ် ဒေသခံပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် ပြည်သူ များအကြား ကြောက်ရွံ့ထိတ်လန့်စေရန်ရည်ရွယ်၍ ကောလဟလသတင်းအမှားများ ရေးသားထုတ်လွှင့်နေခြင်း သာဖြစ်ကြောင်း သိရသည်။
#PeopleMedia