ရန်ကုန်မြို့တွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦး နေအိမ်တွင် ကြိုးဆွဲချ၍ သေဆုံး

PUBLISHED - February 18, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၃ ရပ်ကွက်၊ သုခလမ်းတွင် ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦး နေအိမ်တွင် ကြိုးဆွဲချ၍ သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် နံနက် ၉ နာရီကျော်တွင် ဘေးတွဲမောင်းသူကို လက်ဖက်ရည်ဆိုင် လိုက်ပို့ရန်အတွက် ပြောဆိုထားပြီး ထိုအမျိုးသားမှာ သုခလမ်းတွင် တစ်ဦးထဲနေထိုင်သည့် ပြည်ပအ လုပ်အကိုင်ရှာဖွေရေးလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသား၏ နေအိမ်သို့ သွားရောက်ခေါ်ဆောင်ရာ နေအိမ်၏ လှေကားအဆင်းတွင် ကြိုးဆွဲချ၍ သေဆုံးနေသည့် ထိုအမျိုးသား၏ရုပ်အေလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
“သူ့အိမ်မှာ ပတ်စပိုစ့်စာအုပ် ၇၀ တွေ့တယ်။ သူက ပြည်ပအလုပ်အကိုင်ရှာဖွေတဲ့သူ။ တစ်ယောက်ထဲနေတာ။ သူ့ရဲ့မိသားစုဝင်တွေက ဖြူးကနေလာတယ်။ သေတဲ့သူက အသက် ၄၇ နှစ်ရှိတယ်” လို့ ရုပ်အလောင်းအား သွားရောက် ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ရုပ်အလောင်းကို တာဝန်ရှိသူများမှ စစ်ဆေးရန်အတွက် မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ပြီး ယနေ့ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မိသားစုဝင်များနှင့်အတူ သဂြိုလ်လိုက်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia