• Follow Us on

Home ရန်ကုန်မြို့တွင် အမျိုးသားနှစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

ရန်ကုန်မြို့တွင် အမျိုးသားနှစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဇူလိုင် ၂၁

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့(သစ်အရှေ့ပိုင်း)နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့တို့တွင် အမျိုးသား နှစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ဇူလိုင်လ ၂၀ ရက် ည ၇ နာရီကျော်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ (၃၈) ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းနှင့် ခရေ လမ်းထောင့်တွင်တွင်နေသည့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ ကျော်ဆန်းဝင်းမှာ နေအိမ်သို့ ပြန်လာစဉ် ရာဇ ဓိရာဇ်လမ်းနှင့် ခရေလမ်းထောင့်အရောက်တွင် PDF များမှ ၎င်းကိုသေနတ်ဖြင့် ပစ်ခတ်သွားကြောင်း၊ ၎င်းမှာ ကျည်ထိမှန်၍ သေဆုံးသွားကြောင်း သရသည်။

 

ယင်းဖြစ်စဉ်နှင့်အတူ ဇူလိုင်လ ၂၁ ရက် ည ၈ နာရီကျော်တွင် ဒဂုံမြို့(သစ်အရှေ့ပိုင်း)၊ (၁၀၈) ရပ်ကွက်၊ ဦးမြူ လမ်းနှင့် အောင်သေရောင်ခြည်သစ်လက်ဖက်ရည်ဆိုင်မြပန်မှ ထွက်လာသည့် အမည်မသိ အမျိုးသားတစ်ဦး မှာ မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် မြခေမာလမ်း၌ ၎င်းကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်ရာ ထို အမျိုးသားမှာ နာဖူးနှင့် ဝမ်းဗိုက်တို့တွင် ကျည်ထိမှန်ပြီး သေဆုံးသွားကြောင်း သိရသည်။

 

ထိုပစ်ခတ်သူများကို လက်ရှိအချိန်တွင် ဖမ်းဆီးရမိခြင်းမရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post