ရန်ကုန်မြို့နယ်တချို့တွင် လျှပ်စစ်မီး ၄ နာရီလာ ၈ နာရီပြတ်ပုံစံဖြင့် ဓာတ်အားဖြန့်ဖြူးမည်

PUBLISHED - March 24, 2025
နေပြည်တော်၊ မတ် ၂၄
ရန်ကုန်မြို့နယ်တချို့တွင် အုပ်စုသုံးခွဲကာ လျှပ်စစ်မီး ၄ နာရီလာ ၈ နာရီပြတ်ပုံစံဖြင့် ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။
A,B,C ၃ အုပ်စု ပြန်ဖြစ်သွားပါသဖြင့် ၄ နာရီလာ ၈ နာရီပျက်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်ဟု YESC Yankin မှ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားသည်။
ယခု ၄ နာရီလာ ၈ နာရီဖြတ်ပုံစံဖြင့် ဓာတ်အားပေးမည့် ခရိုင်များထဲတွင် အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များ ပါဝင်ကြောင်း သိရသည်။
လက်ရှိမြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်တချို့တွင်လည်း ၄ နာရီလာ ၈ နာရီမီးဖြတ်ပုံစံဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေကြောင်း ဒေသခံများက ပြောသည်။
#PeopleMedia