ရန်ကုန်မြို့ရှိ ကန်တော်ကြီးထဲတွင် ရေနစ်သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ

PUBLISHED - July 20, 2023
နေပြည်တော်၊ ဇူလိုင် ၂၀
ရန်ကုန်မြို့ရှိ ကန်တော်ကြီးပန်းခြံထဲတွင် ယနေ့ နံနက် ၇ နာရီခွဲကျော်အချိန်က ရေနစ်သေဆုံးနေသည့် အမျိုးသားအလောင်းအား တွေ့ရှိခဲ့ကြောင်း ဒီဃာယုက လူမှုကူညီရေးအသင်းမှ သိရသည်။
အဆိုပါ အမျိုးသားသည် ကန်တော်ကြီးပန်းခြံ ပန်းကန်လုံးကျွန်း ရှင်ဥပ္ပဂုတ ကျောင်းဆောင်တံတားအောက် တွင် မှောက်လျက်သားအနေအထားဖြင့် သေဆုံးနေခြင်းဖြစ်ပြီး၊ သေဆုံးသူမှာ အသက် ၄၅ နှစ်ဝန်းကျင် ရှိပြီဖြစ်ကြောင်းနှင့် ၎င်းအလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia