• Follow Us on

Home ရန်ကုန်မြို့ရှိ ရဲစခန်း ၃ ခုအနီး၌ ပေါက်ကွဲမှုများဖြစ်ပွား၊ လူထိခိုက်မှုမရှိ

ရန်ကုန်မြို့ရှိ ရဲစခန်း ၃ ခုအနီး၌ ပေါက်ကွဲမှုများဖြစ်ပွား၊ လူထိခိုက်မှုမရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၃၀

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြိုသစ်အရှေ့ပိုင်းမြို့နယ်တို့ရှိ ရဲစခန်းများအနီးတွင် သြဂုတ်လ ၂၉ ရက်နေ့ညက မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

 

သြဂုတ်လ ၂၉ ရက် ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကင်းမြို့နယ်၊ (၁၁) ရပ်ကွက်၊ သစ္စာလမ်းမပေါ်ရှိ ရဲစခန်း အနီးတွင် အကြမ်းဖက်သမားများက လက်လုပ်ဗုံးဖြင့်ပစ်ခတ်ခြင်းကြောင့် မြို့နယ်ရဲတပ်ဖွဲမှူးရုံးရှေ့ရှိ ပိတ်ထား သည့် ခြံစည်းရိုးသံပန်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲသည့်နေရာမှ PVC ပိုက်အပိုင်းအစများတွေ့ရှိ ကြောင်းသိရသည်။

 

ယင်းနောက် ည ၈ နာရီ ၅၅ မိနစ်အချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်း၊ မြိုမရဲစခန်း ဘေးလမ်းပေါ်တွင် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး၊ ပေါက်ကွဲမှုကြောင့် လူနှင့် ပစ္စည်းထိခိုက်မှုမရှိကြောင်း သိရ သည်။

 

ထို့ပြင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၅၅ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ ရဲစခန်းအနီးတွင် သြဂုတ်လ ၂၉ ရက်ည ၉ နာရီကျော်အချိန်က မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုမှာ ရဲစခန်းရှေ့လမ်းတစ်ဖက်ခြမ်းရှိ အမှိုက်ပုံအနီးမှဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် ပစ္စည်းထိခိုက် မှုမရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post