• Follow Us on

Home ရန်ကုန်ရှိ ကန်တော်ကြီးဥယျာဉ်တွင် ရေနစ်သေဆုံးနေသည့် ကျောင်းဆရာမတစ်ဦး၏ အလောင်းတွေ့ရှိ

ရန်ကုန်ရှိ ကန်တော်ကြီးဥယျာဉ်တွင် ရေနစ်သေဆုံးနေသည့် ကျောင်းဆရာမတစ်ဦး၏ အလောင်းတွေ့ရှိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၉

 

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီး၊ ပန်းကန်လုံးကျွန်းအနီးတွင် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က ရေနစ်သေဆုံးနေသည့် ကျောင်းဆရာမတစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့ရကြောင်း လူမှုကူညီ ရေးအသင်းများမှ သိရသည်။

 

ကန်တော်ကြီး ပန်းကန်လုံးကျွန်းတွင် အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးနေကြောင်း အကြောင်းကြား၍ ကျီတော်၊ ဒီဃာယုက၊ သပြေကုန်း၊ ဟဲပီလ်း လူမှုကူညီရေးအသင်းများမှ သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ပြီး၊ အလောင်းကို ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသည်။

 

သေဆုံးသူမှာ  မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ အထက (၅) ကျောင်းမှ ကျောင်းဆရာမ ၁ ဦးဖြစ်ပြီး၊ သေဆုံး မှုအား ဗဟန်းမြို့နယ် ရဲစခန်းမှ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

 

#PeopleMedia


Share this post