ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် AA အဖွဲ့ထောင်ထားသည့်ပေါက်ကွဲအားပြင်းသည့်မိုင်း ၁၄ လုံး သိမ်း ဆည်းရမိ
PUBLISHED - December 8, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၈
ရခိုင်ပြည်နယ် စစ်တွေမြိုနယ်၊ ပါဒလိပ်ကျေးရွာနှင့် အမြင့်ကျွန်းရွာကြား ရန်ကုန်-စစ်တွေ ပြည်ထောင်စုကား လမ်းမပေါ်တွင် AA အကြမ်းဖက်အဖွဲ့မှ မိုင်းများထောင်ထားကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့မှု အရ သိရသည်။
အဆိုပါ နေရာတစ်ဝိုက်အား ဒီဇင်ဘာ ၆ ရက်နေ့တွင် တပ်မတော်မိုင်းရှင်းလင်းရေးအဖွဲများမှ သွားရောက်ရှင်း လင်းခဲ့ရာ ပေါက်ကွဲအားပြင်းလက်လုပ်မိုင်း (၁၄) လုံး ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် နှစ်ဖက်အပစ်ရပ်ထားမှုကို ချိုးဖောက်ကာ အကြမ်းဖက်မှုများ ပြုလုပ်နေသည့် AA အကြမ်း ဖက်လက်နက်ကိုင်အဖွဲသည် အများပြည်သူသွားလာနေသည့် လမ်းများပေါ်တွင် တိုက်ပွဲများဖော်ဆောင်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ သွားလာနေသည့် ယာဉ်များအား တားဆီကာ ဆက်ကြေးကောက်ခြင်း၊ မတရားဖမ်း ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စ၍ ရန်ကုန် – စစ်တွေ ကားလမ်းမကြီးအား ပိတ်ထားရကြောင်း သိရသည်။
#PeopleMedia