• Follow Us on
Latest News

Home ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ တံတား ၁ စင်း ကျိုးကျမှုဖြစ်ပွား

ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ တံတား ၁ စင်း ကျိုးကျမှုဖြစ်ပွား

Share this post

နေပြည်တော်၊ သြဂုတ် ၂၂

 

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ရွာထိပ်ရှိ ရန်ကုန်-ထားဝယ် ကားလမ်းပေါ်ရှိ တံတား၁စင်း  ယမန်နေ့ ညနေပိုင်းတွင် မြေသားကျွံကျပြီး ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ တံတားမှာ ကုန်ကား ၁ စီး ဖြတ်သွားပြီးနောက် မြေသားကျွံကျကာ တံတားကျိုးသွားခြင်းဖြစ်ကြောင်း၊ တံတားကျိုးကျမှုကြောင့် လက်ရှိတွင် ယာဉ်များဖြတ်သန်းသွာလာ၍မရကြောင်း သိရသည်။

 

ယင်းတံတားသည် ယခုရက်ပိုင်းအတွင်း ကတ္တရာလမ်း မြေသားနိမ့်ကျနေသည့်အတွက် ယာယီမြေဖို့ပြင်ဆင် ထားကြောင်း၊ တံတားအရှည်မှာ အရှည် ၁၅ ပေရှိပြီး သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကြောင်း သိ ရသည်။

 

#PeopleMedia


Share this post