• Follow Us on

Home ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇွန် ၂၇

 

ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၉/၄) တွင် ယနေ့ နံနက် ၁ နာရီ ၄၇ အချိန်က ယာဉ်တိုက်မှုဖြစ်ပွားရာမှ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီး သတ်တပ်ဖွဲ့မှ သိရသည်။

 

ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၉/၄) တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် အမြန်လမ်း (၁၁)မိုင် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ် ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦးအနက်၊ အမျိုးသား (၁)ဦး သေဆုံးနှင့် အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား ဉာတိသင်္ဂဟပရဟိတလူနာတင်ယာဉ်ဖြင့် လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

Photo – ပုံဟောင်း

 

#PeopleMedia


Share this post