• Follow Us on
Latest News

Home ရန်ကုန်-ပြည်မီးရထားလမ်းတွင် အမျိုးသားတစ်ဦး ရထားတိုက်ခံရ၍ သေဆုံးမှုဖြစ်ပွား

ရန်ကုန်-ပြည်မီးရထားလမ်းတွင် အမျိုးသားတစ်ဦး ရထားတိုက်ခံရ၍ သေဆုံးမှုဖြစ်ပွား

Share this post

နေပြည်တော်၊ မတ် ၁၄

 

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ သာယာကုန်းကျေးရွာနှင့် မြို့လည်ချောင်းကြားရှိ ရန်ကုန်- ပြည်မီးရထားလမ်းတွင် အမျိုးသားတစ်ဦး ရထားတိုက်ခံရ၍ သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။

 

ယနေ့မတ်လ ၁၄ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ပိုင်ရှင်မဲ့အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့ရှိသော ကြောင့် ထိုအလောင်းကို မြို့ခံလူမှုကူညီရေးအသင်းမှ ကြို့ပင်ကောက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက် ကြောင်း သိရသည်။

 

“အလောင်းကိုကြည့်ရတာက ရထားတိုက်မိတော့ ခြုံပုတ်ထဲလွှင့်သွားတာ။ ဒဏ်ရာရတော့ မျက်နှာမှာ ညိုနေတာတစ်ခုပဲ။ အလောင်းကတော့ ခုလက်ရှိပိုင်ရှင်မဲ့ပါ” လို့ မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက People Media သို့ဖြေကြားသည်။

 

အဆိုပါသေဆုံးသည့် အမျိုးသားမှာ အသက်(၅၀) ဝန်းကျင်ရှိပြီး၊ လက်ရှိအချိန်တွင် ပိုင်ရှင်မဲ့အလောင်းဖြစ် နေကြောင်းလည်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post