• Follow Us on
Latest News

Home ရန်ကုန်-ပြည်လမ်းတွင် YBS ယာဉ်နှင့်အတူ ယာဉ် (၃) စီးတိုက်မိရာ (၁၂) ဦး ဒဏ်ရာရ

ရန်ကုန်-ပြည်လမ်းတွင် YBS ယာဉ်နှင့်အတူ ယာဉ် (၃) စီးတိုက်မိရာ (၁၂) ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၉

 

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာအုပ်စု၊ ရန်ကုန်-ပြည်လမ်း၊ တိုးဂိတ်တွင် 123 -YBS ယာဉ်နှင့်အတူ ယာဉ် (၃) စီးဆင့်တိုက်မိရာ စုစုပေါင်း ( ၁၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယနေ့ဇန်နဝါရီလ ၉ ရက် နံနက် ၆ နာရီ ၅၀ အချိန်တွင် 123-YBS ယာဉ်မှ လမ်းပြောင်းပြန်မောင်းနှင်လာစဉ် တိုးဂိတ်နားမှ ယာဉ် (၃) စီးနှင့် တိုက်မိခဲ့ကြောင်း သိရသည်။

 

“စုစုပေါင်း ယာဉ် ၄ စီးတိုက်မိတာ။ 123- YBS ကလမ်းပြောင်းပြန်မောင်းလာတာ။ အဲ့မှာ တိုးဂိတ်က ယာဉ်တစ်စီးနဲ့ မျက်နှာချင်းဆိုင်တိုက်မိတော့ နောက်ကတိုးဂိတ်ကယာဉ်နှစ်စီးပါ ဆင့်တိုက်မိသွားတာ။ စုစုပေါင်း ၁၂ ယောက် ဒဏ်ရာရတယ်။ YBS ယာဉ်ပေါ်က မ ၉ ဦးဒဏ်ရာရတယ်။ ယာဉ် ၃ စီးထဲကမှ ပထမကားပေါ်က ကျား ၁ ဦး၊ ဒုတိယ ကားပေါ်က မ ၂ ဦး နောက်ဆုံးကားပေါ်ကလူတွေကတော့ ထိခိုက်မူမရှိဘူး” လို့ တိုက်ကြီး မြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါဖြစ်စဉ်နေရာသို့ တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးငြိမ်းသတ်ယာဉ် ( ၁) စီးဖြင့် ထွက်ခွာ၍ ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post