• Follow Us on
Latest News

Home ရန်ကုန်-မန္တလေးရထားခရီးစဉ်များပြန်လည်ပြေးဆွဲ

ရန်ကုန်-မန္တလေးရထားခရီးစဉ်များပြန်လည်ပြေးဆွဲ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

 

ရန်ကုန်-မန္တလေး ရထားခရီးစဉ်များကို ယနေ့မှ စတင်ကာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

ယနေ့ ရန်ကုန် -မန္တလေး ရထားလမ်းပိုင်း ပြန်လည် ဖွင့်လှစ်လိုက်သည့်တစ်ပြိုင်နက် ပထမဆုံးစတင်   ပြေးဆွဲလာသည့် အမှတ်(၂) အစုန် လူစီးစာပို့ရထားဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ရက်နေ့တွင် ကျောက်တံခါးဘူတာမှ ထွက်ခွာလာသော အမှတ်(၆)အစုန် ရန်ကုန်-မန္တလေး လူစီး အမြန်ရထားသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ကျောက်တံခါးဘူတာနှင့် ပိန်းဇ လုပ်ဘူတာအကြားသို့ ယင်းနေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် မိုင်တိုင်အမှတ်၊ ၁၀၄/၁-၁၀၃/၂၄ အရောက် တံတားအမှတ်(၁၄၆)နှင့် (၁၄၇)အနီး တို့၌ ရထားလမ်းအား အကြမ်းဖက် သောင်းကျန်းသူ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတို့၏ မိုင်းခွဲဖျက်ဆီး ထားခြင်းကြောင့် ရထားသံလမ်းပြတ်တောက်ပျက်စီး နေ၍ ရထားစက်ခေါင်းနှင့်အတူ လူစီးတွဲ(၃)တွဲ လမ်းချော်ကျမှု ဖြစ်ပွားခဲ့ရသည်။

 

ရထားလမ်းချော်ကျမှုကြောင့် လူစီး/ကုန်တင်ရထား ခရီးစဉ်များကို  ယာယီဖျက်သိမ်းခဲ့ရပြီး ရထားစီးခရီးသည် စုစုပေါင်း (၉၀၀)ဦးခန့် လမ်းခရီး၌ ကြန့်ကြာမှု အခက်အခဲ များ ကြုံတွေ့ခဲ့ကြသည်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၂၉)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း(၄၆)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအားမီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြကြောင်း မှတ်တမ်းများအရ သိရသည်။

 

#PeopleMedia


Share this post