ရန်ကုန်-မန္တလေးရထားသံလမ်းကို PDF များမှ မိုင်းခွဲဖျက်ဆီး
PUBLISHED - September 5, 2023
နေပြည်တော်၊ စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပိန်းဇလုတ်မြို့၊ ရန်ကုန်-မန္တလေးရထားသံလမ်းကို PDF များမှ မိုင်းခွဲဖျက်ဆီးခဲ့ ကြောင်း သိရသည်။
ယနေ့နံနက် ၄ နာရီအချိန်ခန့်တွင် ပိန်းဇလုတ်ဘူတာနှင့် ထိန်တပင်ကျေးရွာကြားရှိ ရန်ကုန်-မန္တလေးရထားလမ်း ကို PDF များမှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုမိုင်းခွဲဖျက်ဆီးခံရသည့် ရထားသံလမ်းမှာ အနည်းငယ်ပျက်ဆီးသွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်အတူ ပြီးခဲ့သည့်လပိုင်းကလည်း ပဲခူးတိုင်း၊ ကျွဲအင်းမြို့နှင့် ကညွတ်ကွင်းမြို့နယ်အကြားတွင် မန္တ လေးမှ ရန်ကုန်သို့ထွက်ခွာလာသည့် ကုန်တင်ရထားတစ်စင်းကို KNU/PDF များမှ မိုင်းခွဲဖျက်ဆီးသည့် ဖြစ်စဉ် များလည်းရှိခဲ့သည်။
Photo – Credit
#PeopleMedia